The network connection is lost.

Banner Image

ခြေစွမ်းပြနေတဲ့ ဇာဗီဆိုင်မွန်ကို ကလပ်တွင်ဆက်ထိန်းနိုင်ရန် ဆန္ဒရှိနေတဲ့ လိုက်ပ်ဇစ်

ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၅ ပွဲကစားပြီးချိန်တွင် ၄ ပွဲနိုင်၊ ၁ ပွဲအရေးနိမ့်ထားပြီး ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄ နေရာကို တက်လှမ်းလာနိုင်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းက ခြေစွမ်းပြကစားကာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူထားနိုင်ခဲ့တဲ့ ဇာဗီဆိုင်မွန်ကို လီဂူးဝမ်းကလပ် ပီအက်စ်ဂျီအသင်းကနေ အငှား သို့မဟုတ် အပြီးပုံစံဖြင့် ခေါ်ယူခွင့်ရရန် စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။
 
ပီအက်စ်ဂျီအသင်းက အသက် ၂၀ အရွယ် နယ်သာလန်ကွင်းလယ်တိုက်စစ်ကစားသမားကို ကစားသမားရဲ့ မွေးရပ်မြေဖြစ်တဲ့ ပီအက်စ်ဗွီအသင်းကို ရောင်းချထားရာမှ စာချုပ်ပါ အတိုင်း ပြန်လည်ဝယ်ယူခွင့်ကို အသက်သွင်းပြီး ခေါ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။ ပြင်သစ်ချန်ပီယံအသင်းက ဇာဗီဆိုင်မွန်ကို ခေါ်ယူထားခဲ့အပြီးမှာ ချက်ချင်းဆိုသလို ကစားသမားကို ပြန်လည် အငှားချရန် ပြင်ဆင်နေပြီး ယူနိုက်တက်အသင်းကပါ ကစားသမားကို ခေါ်ယူခွင့်ရရေးအတွက် စိတ်ဝင်စားနေချိန် ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်အသင်းက တစ်ရာသီအငှားခေါ်ဖြင့် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်း ခြေစွမ်းပြ ကစားကာ သွင်ဂိုးတွေ ဆက်တိုက် သွင်းယူပေးနိုင်ခဲ့တဲ့ ဇာဗီဆိုင်မွန်အနေဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့ညတွင် ကစားမယ့် ဝီဟမ်းဝိုင်ဘာဒန်အသင်းနဲ့ ပွဲစဉ်တွင် လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မျှားဦးတွင် ပါဝင်ကစားခွင့်ရလာနိုင်တာလည်း ဖြစ်ပါတယ်။
 
တိုက်စစ်မှာ ခြေစွမ်းပြ ကစားနေတဲ့ ဇာဗီဆိုင်မွန်နဲ့ ပတ်သက်လို့ လိုက်ပ်ဇစ်အသင်းရဲ့ အားကစားဒါရိုက်တာ မက်ဇ်အက်ဘာလ်က“ဒါပေါ့ဗျာ။ ဇာဗီဆိုင်မွန်ကို ကျွန်တော်တို့အနေနဲ့ သက်တမ်းတိုးချင်နေတာပေါ့။ ဇာဗီက လိုက်ပ်ဇစ်အသင်းကို ရောက်ရောက်ချင်းမှာပဲ ပုံစံကောင်းရလာခဲ့တာပါ။ ကျွန်တော့်အထင် သူ့အနေနဲ့လည်း လိုက်ပ်ဇစ်အသင်းမှာ ကစားနေရတဲ့အပေါ် စိတ်ပိုင်းဆိုင်ရာမှာ လွှမ်းမိုးမှုဖြစ်နေစေမယ်ထင်ပါတယ်။ တစ်ခါတစ်ရံမှာ အံ့အားသင့်စရာကောင်းတဲ့ အရာတွေက ဖြစ်လာတတ်ပါတယ်။ ၂၀၂၄ ရာသီကြို အပြောင်းအရွှေ့ကာလ ရောက်တဲ့အခါမှာလည်း ဇာဗီဆိုင်မွန်ကို ဆက်ထိန်းသွာနိုင်ရေး ကြိုးပမ်းသွားမှာပါ”လို့ မှတ်ချက်ပေး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။