အာဆင်နယ်နဲ့ပွဲက ဆန်းဒါးလန်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို နည်းပြ လေဘရစ်စ် ချီးကျူး
ရက်ဂျစ်လေဘရစ်စ်က ပရီးမီးယားလိဂ် ဦးဆောင်သူ အာဆင်နယ်ကို အလင်းရောင်ကွင်းမှာ အချိန်ပိုအတွင် အံ့မခန်း သရေရလဒ်ယူနိုင်ခဲ့တဲ့အတွက် ဆန်းဒါးလန်းရဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်း ကို ချီးကျူးလိုက်ပါတယ်။ လေဘရစ်က"ကျွန်တော်တို့ရဲ့ စိတ်ဓာတ်နဲ့ အတူတကွရှိမှု ကို နောက်တစ်ကြိမ် ထပ်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်းပဲ အရမ်း အားကောင်းတဲ့ အသင်း တစ်သင်းကို ရင်ဆိုင်ရတဲ့အခါ ခက်ခဲခဲ့ရပါတယ်။
အာဆင်နယ်မှာ ကျွန်တော်တို့ ခံစစ်ကို ဒုက္ခပေးဖို့ နည်းလမ်း အမျိုးမျိုး ရှိခဲ့တာကိုး။ ကျွန်တော်တို့ ခက်ခဲတဲ့ အခြေအနေတွေ ဖြတ်သန်းရတဲ့အခါမျိုးမှာတောင် ဒီ အရှိန်အဟုန်ကို ပြောင်းလဲပစ်ဖို့နဲ့ အခွင့်အရေး တစ်ခုခု ဖန်တီးနိုင်ဖို့ ဖြစ်နိုင်ပါတယ် ဆိုတာကို ပြသခဲ့ပါတယ်။ အဆင့်အမျိုးမျိုးမှာ ကျွန်တော်တို့ဟာ အကောင်းဆုံး ဆန်းဒါးလန်း ဖြစ်အောင် ကြိုးစားခဲ့ရတယ်။ ပထမပိုင်းက စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟန်ချက်ညီခဲ့တယ်၊ ဘောလုံးမရှိတဲ့အချိန်မှာ စနစ်တကျ ရှိခဲ့တယ်၊ ပြီးတော့ အနိုင်ယူဖို့ တကယ် ခက်ခဲခဲ့ပါတယ်။ ဒါ့အပြင် set-piecesကနေ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းရည်လည်း ရှိခဲ့ပါတယ်"လို့ ပြောခဲ့ါတယ်။
ဒီရလဒ်ကြောင့် ဆန်းဒါးလန်းဟာ ရမှတ် ၁၉ မှတ် နဲ့ ဇယားရဲ့ အဆင့် သုံးနေရာ ကို တက်လှမ်းနိုင်ခဲ့ပြီး အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကောင်းကိုလည်း ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။