
အိုဆာဆူနာနဲ့ပွဲက အနီကတ်ကြောင့် ၂ ပွဲပယ်ခံရမယ့် ဘယ်လင်ဟမ်
ရီးရဲလ်စတား ဘယ်လင်ဟမ်တစ်ယောက် အိုဆာဆူနာနဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရတာကြောင့် ၂ ပွဲပယ်ခံရမယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ အဆိုပါပွဲမှာ ကွင်းလယ်ဒိုင် မွန်တဲရိုးရဲ့တိုက်ရိုက်အနီကတ်ထိခဲ့တာဖြစ်ပြီး မှတ်ချက်လည်း အတင်ခံခဲ့ရတာဖြစ်ပါတယ်။ကွင်းလယ်ဒိုင်က ဘယ်လင်ဟမ်ဟာ သူ့ကိုဆဲရေးတိုင်းထွာခဲ့တယ်လို့ မှတ်ချက်တင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က ဘယ်လင်ဟမ်ကို ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အန်ဆယ်လော့တီကတော့ သူ့ကစားသမားရဲ့အနီကတ်ဟာ နားလည်မှုလွဲမှားတာဖြစ်ပြီး ဗီဒီယိုသက်သေတင်ပြမယ်လို့ သိရပါတယ်။ မက်ဒရစ်ဘက်က ကနဦးအဆိုပါအနီကတ်ကိုပြောင်းလဲဖို့ တောင်းဆိုခဲ့ပေမယ့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ “မသင့်လျော်တဲ့အပြုအမူမျိုးကို ဘယ်လင်ဟမ်အနေနဲ့ ပြုလုပ်ခဲ့တာကြောင့် အခုလို ၂ ပွဲပယ်ခဲ့တာပါ”လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၁ နှစ်သားဟာ အနီကတ်ကြောင့် ဂီရိုနာ ၊ ဘက်တစ်တို့နဲ့ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။ ဘယ်လင်ဟမ်ရဲ့ပြစ်ဒဏ်မစခင်မှာ ရီးရဲလ်ဟာ မန်စီးတီးနဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲကန်ရမှာဖြစ်ပြီး ပထမအကျော့မှာ ၃-၂ နဲ့အနိုင်ရရှိထားခဲ့ပါတယ်။