
အတိတ်တုန်းက အမှတ်ရတတွေနဲ့ နှစ်သိမ့်မနေနိုင်ကြောင်း မော်ရင်ဟိုပြောကြား
ချန်ပီယံလိဂ်မှာ အသင်းဟောင်း ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပေမယ့်လည်း မော်ရင်ဟိုတစ်ယောက် အသင်းဟောင်းပရိသတ်တွေရဲ့နွေးထွေးစွာကြိုဆိုခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ အတိတ်တုန်းက အမှတ်တရတွေနဲ့ နှစ်သိမ့်မနေနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။
ပေါ်တူဂီသားနည်းပြဟာ ကွင်းထဲကို ဂန္ထဝင်တစ်ဦးအနေနဲ့ ပြန်လာနိုင်ခဲ့သလို အသင်းဟောင်း ပရိသတ်တွေကလည်း နွေးထွေးစွာကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ဘင်ဖီကာအသင်းဟာ ရီအော့စ်ရဲ့ OG ဂိုးနဲ့ ချဲလ်ဆီးကိုအရေးနိမ့်ခဲ့ပါတယ်။ အတိတ်ကာလတုန်းက မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းနဲ့ ရွှေခေတ်တစ်ခုကို ထူထောင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၀ တုန်းကလည်း အင်တာမီလန်နဲ့အတူ သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ အောင်မြင်မှုသိပ်မရတော့ပဲ မနေ့ညက အရေးနိမ့်မှုအပြီးမှာ မော်ရင်ဟိုတစ်ယောက် ချဲလ်ဆီးကွင်းမှာ ၇ ပွဲဆက်အရေးနိမ့်တဲ့စံချိန်ရရှိခဲ့ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ မော်ရင်ဟိုက “ကျွန်တော် ဒီအမှတ်တရတွေကို ပြန်လွမ်းဆွတ်မနေပါဘူး။ ကျွန်တော်နိုင်ပွဲတွေပဲ ရယူချင်တာပါ။ ဒါပေမယ့် သူတို့ကျွန်တော့်နာမည်ကိုသီဆိုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
ကျွန်တော်ကွင်းထဲမှာလည်း အဲ့တာကိုလုပ်ခဲ့ပါတယ်။ ကျွန်တော်လန်ဒန်မှာရှိနေစဉ်တုန်းက ချဲလ်ဆီးပရိသတ်တွေနဲ့ လမ်းထဲမှာ နေ့တိုင်းတွေ့ဖြစ်ပါတယ်။ ကျွန်တော့်မြေးတွေနဲ့အတူ နှစ် ၂၀ လောက်မှာ ဒီကိုပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ယူကေမှာရှိတဲ့သူတွေက သူတို့ကိုပျော်ရွှင်အောင်လုပ်ပေးတဲ့သူတွေကို ဘယ်တုန်းကမှမမေ့ပါဘူး။ ကျွန်တော် ယူနိုက်တက်နဲ့ လာတုန်းကလည်း အတူတူပဲဖြစ်သလို အင်တာမီလန်နဲ့လာတုန်းကလည်း အတူတူပါပဲ။ အိုးထရက်ဖို့ဒ်သွားချိန်မှလည်း အဲ့တာက ခြားနားမှာမဟုတ်ပါဘူး။ အဲ့တာက သူတို့ယဉ်ကျေးမှုပါ။ မှန်ပါတယ်။ ကျွန်တော်ကတော့ ပွဲအပေါ်မှာ အာရုံစိုက်ထားသလို အဲ့တာကို ကြားပါတယ်။ သူတို့ကိုကျေးဇူးတင်ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ အခုပွဲအပြီးမှာ ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးအသင်းနဲ့ ပွဲကျပ်ကစားရမှာဖြစ်ကာ ဘင်ဖီကာအသင်းကတော့ ပေါ်တိုအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။