The network connection is lost.

Banner Image

ရော်နယ်ဒို လက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူမှုအပေါ် ပေါ်တူဂီနည်းပြ ဂျော်ဂီဂျီးဆပ်စ်ရဲ့ တုံ့ပြန်မှု

"ခရစ္စတီယာနိုက ကမ္ဘာလုံးဆိုင်ရာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ပေါ်တူဂီနိုင်ငံနဲ့ လက်ရွေးစင်အသင်းအတွက် အတုယူစရာ စံပြတစ်ဦးလည်း ဖြစ်ပါတယ်။

လူငယ်ကစားသမားတွေ အားလုံးအနေနဲ့ သူ့ကို နေ့တိုင်း မော့ကြည့်ပြီး အားကျအတုယူနိုင်အောင် ကျွန်တော်တို့ရဲ့ ခန်းမထဲမှာ သူ့ရဲ့ ဧရာမဓာတ်ပုံကြီးတစ်ပုံကို ချိတ်ဆွဲထားစေခဲ့ပါတယ်။

ကျွန်တော့်ဘေးမှာ သူ့ကို လိုအပ်နေတာမို့ ကျွန်တော်နဲ့အတူ ဆက်ရှိနေပေးဖို့ သူ့ကို တောင်းဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် လက်ခံပေးရမှာ ဖြစ်ပါတယ်။

သူက ပေါ်တူဂီပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း နေရာတစ်ခု ရှိနေမှာပါ။

သူက ပေါ်တူဂီဘောလုံးလောကရဲ့ ပြယုဂ်အဖြစ် အမြဲတည်ရှိနေမှာပါ"