ဆန်စီရိုမှာ အေစီမီလန်ကို ထိုက်ထိုက်တန်တန်အနိုင်ယူသွားတဲ့ ဘင်ဖီကာ
အေစီမီလန် ဝ-၂ ဘင်ဖီကာ (ပွဲပြီးရလဒ်)
ဥရောပအစဉ်အလာကြီးမားတဲ့ကလပ်အသင်းနှစ်ခုရဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်က နည်းဗျူဟာပိုင်းယှဉ်ပြိုင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာပါတယ်။ အခုဆန်စီရိုကွင်းပွဲစဉ်မှာ ဧည့်သည်တွေအတွက် ပွဲထွက်လာတဲ့ လုခ်ကီဘာကီယိုနဲ့ ကာမင်စကီတို့ရဲ့တောင်ပံတိုက်စစ်အားကောင်းမှုနဲ့အတူ ဘင်ဖီကာက အေစီမီလန်ကို ထိုက်ထိုက်တန်တန် အနိုင်ယူသွားပါတယ်။ ဘင်ဖီကာအတွက် အဆုံးအဖြတ်အနိုင်ဂိုးတွေကိုလည်း ပထမပိုင်းပွဲချိန်အစောပိုင်းမှာ လုခ်ကီဘာကီယို၊ ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာ ကာမင်စကီတို့က သွင်းယူပေးခဲ့ပါတယ်။