ဆွစ်ဇာလန်ကို ရှုံးနိမ့်ပြီးနောက် ယူရို ၂၀၂၄ ကနေ ထွက်ရဖို့ ထိုက်တန်ပါတယ်လို့ ပြောကြားလိုက်တဲ့ အီတလီစတား ခရစ္စတန်တီ
ဆွစ်ဇာလန်ကို ရှုံးနိမ့်ကာ ယူရို ၂၀၂၄ ကနေ ထွက်ခွာခဲ့ရပြီးနောက် သူ့ရဲ့အီတလီအသင်းဖော်တွေနဲ့ပတ်သက်ပြီး ဘရိုင်ယန်ခရစ္စတန်တီက ပြောကြားလိုက်ပါတယ်။
ယူရို ၂၀၂၄ ရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ အီတလီဟာ ဆွစ်ဇာလန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဆုဖလားကာကွယ်ဖို့ အဆုံးသတ်သွားပြီဖြစ်ပါတယ်။ မီမိုဖရီလာ နှင့် ရူဘန်ဗာဂတ်စ်တို့ရဲ့ ဂိုးများဖြင့် ဆွစ်ဇာလန်က နောက်တဆင့်သို့ တက်ရောက်သွားတာဖြစ်ပြီး အင်္ဂလန် - စလိုဗက်ကီးယား ပွဲက အနိုင်ရရှိတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။
အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးနောက် ရှုံးထွက်အဆင့်ကနေ ထွက်ခွာရဖို့ သူ့ရဲ့အသင်းက ထိုက်တန်ကြောင်း ခရစ္စတန်တီက ပြောကြားထားပါတယ်။ နည်းပြ စပယ်လက်တီအတွက် နောက်ဆက်တွဲကဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရအုံးမှဖြစ်သော်လည်း ရိုးမားကွင်းလယ်ကစားသမားကတော့ သုံးသပ်ချက်တွေကို ပြောကြားထားပါတယ်။
"ဒီနေရာမှာ ပြောစရာ နည်းနည်းရှိပါတယ်။ နေရာစုံကနေ ကြည့်မယ်ဆိုရင် ကျွန်တော်က မကောင်းပါဘူး၊ ကျွန်တော့်ရဲ့အတွေးတွေကိုရှင်းလင်းထားဖို့နဲ့ ဘာတွေမှားခဲ့သလဲဆိုတာ နားလည်ပြီး မတူညီတဲ့အတွေးနဲ့ ပြန်လည်စတင်ဖို့ဖြစ်ပါတယ်""အစုအဖွဲ့ရဲ့အဆင့်အတန်းကလည်း အရမ်းကိုကွဲပြားနေပြီး ဒီလိုမတူညီမှုတွေများနေတဲ့အခါ အားအင်တွေက ဆုံးရှုံးသွားရပါတယ်။ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အပေါ် ဘာမှပြောစရာမရှိပါဘူး"
"ပြင်ဆင်မှုလား အဲ့ဒါကိုတော့ ကျွန်တော်မသိပါဘူး။ အဆင်မပြေခဲ့တာတွေ အများကြီးရှိပါတယ်။ အခြားအသင်းနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့ ကစားပုံက ဆိုးရွားခဲ့ပြီး ဒါကြောင့် နေရာစုံမှာ ကျဆင်းခဲ့ရတာပါ" လို့ သတင်းထောက်တွေကို သူက ပြောပါတယ်။ပွဲအပြီးအခြေအနေကို အီတလီက လေ့လာသုံးသပ်နေချိန်မှာ ဆွစ်ဇာလန်ကတော့ ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အင်္ဂလန် - စလိုဗက်ကီးယား ပွဲရလဒ်ကို စောင့်နေပြီဖြစ်ပါတယ်။