The network connection is lost.

Banner Image

ရိုးမားအသင်းကို နှိုးထစေမိခဲ့တယ်လို့ ဘရိုက်တန်နည်းပြ ဒီဇာဘီ ထုတ်ဖော်ပြောကြား

ရိုးမားအသင်းကို ၄ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ဘရိုက်တန်နည်းပြ ဒီဇာဘီက အီတလီရုပ်သံနဲ့အင်တာဗျူးမှာ သူ့ရဲ့နောင်တကို ထုတ်ဖော်ပြောကြားခဲ့ပြီး ရိုးမားက မိမိတို့ထက် ပိုကောင်းခဲ့တယ်လို့ ဆိုပါတယ်။

အီတလီသားရဲ့အိမ်ပြန်ခရီးစဉ်က ပျော်ရွှင်စရာမဖြစ်ခဲ့ပဲ ပထမအကျော့မှာ ရိုးမားကို ၄ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ရိုးမားအတွက်ဂိုးတွေကို ဒိုင်ဘားလား ၊ လူကာကူ ၊ မန်ချီနီ ၊ ခရစ္စတန်တီတို့ကသွင်းယူပေးခဲ့ပြီး ဒုတိယအကျော့အင်္ဂလန်မြေက ခက်ခဲဖွယ်ရှိနေပါတယ်။

“ကျွန်တော်တို့ အကောင်းဆုံး အားစိုက်ထုတ်ခဲ့ပေမယ့် ဘောလုံးအရည်အချင်းက ၃၀% လောက်ပဲရှိခဲ့ပါတယ်။ အဲ့တာက ကျွန်တော်တို့ မျှော်လင့်ထားတဲ့အရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီလိုပွဲမျိုးမကစားဖူးတာကြောင့်ပါ။ ရိုးမားက နေရာလွတ်ရှာဖွေတာ ၊ တည်ငြိမ်မှု ၊ ယုံကြည်မှု နဲ့ ရှုံးထွက်အတွေ့အကြုံတွေမှာ သာလွန်ပါတယ်။ ဒီနေ့ညမှာ သူတို့အရမ်းကောင်းခဲ့ပါတယ်။ ပြဿနာက တစ်ပတ်ကို ၃ ပွဲနှုန်းကစားနေရပြီး ကစားသမားက ၁၅ - ၁၆ ယောက်ပဲရှိပါတယ်။ ပရီးမီးယားလိဂ်မှာ မိနစ် ၉၀ ကစားခဲ့ပြီးနောက် အခုယူရိုပါလိဂ်မှာနောက်ထပ်မိနစ် ၉၀ ကစားရပါမယ်။ အလှည့်ကျသုံးနိုင်မယ့်ကစားသမားအင်အားမရှိရင် ခင်ဗျားအနေနဲ့ ဆုဖလားရမှာမဟုတ်ပါဘူး။ အဲ့တာက နှိုးထစေခဲ့တာပါ။ ကျွန်တော်တို့ မတူညီတဲ့ပွဲတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ခဲ့တာပါ။ မတူညီတဲ့ရလဒ် ၊ မတူညီတဲ့အရည်အချင်းမျိုးပြသချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး”လို့ ဒီဇာဘီက ပြောကြားခဲ့ပါတယ်။

ဂျာအိုပက်ဒရို ၊ မီတိုမာ ၊ ဆိုလီမာ့ချ် ၊ မီလ်နာနဲ့ ဟင်ရှဲဝုဒ်တို့ကတော့ ရိုးမားနဲ့ပွဲကို မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။