
ဟူဂိုအီကီတီကီကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာလိုက်တဲ့ လီဗာပူးအသင်း
လီဗာပူးအသင်းက ဖရန့်ဖတ်အသင်းတိုက်စစ်မှူးအီကီတီကီကို ပေါင် ၇၉ သန်း(ဒေါ်လာ ၁၀၇ သန်း)ဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ကြိုးကြာနီတွေက အီကီတီကီဟာ အခုနွေရာသီ၊ ကစားသမားသစ်အင်အားဖြည့်တင်းနေတဲ့ကလပ်အသင်းဆီ လာရောက်ပူးပေါင်းဖို့ သဘောတူညီခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီတိုက်စစ်မှူးက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၂၂ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။
လီဗာပူးအသင်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖလော်ရီယန်ဝစ်ဇ်အပါအဝင် ဖရင်းပေါင်၊ ကာကက်ဇ်တို့ကို ခေါ်ယူပြီး အခုနွေရာသီကာလမှာ ငွေလုံးငွေရင်းပမာဏကြီးကြီးမားမားသုံးစွဲခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာခေါ်ယူခဲ့တဲ့ မာမာဒါရှီဗီလီကိုလည်း အသင်းလူစာရင်းနဲ့အတူ လာရောက်ပူးပေါင်းဖို့ ခွင့်ပြုပေးထားပါတယ်။ အီကီတီကီက သူ့ရဲ့အသင်းဖော်သစ်တွေနဲ့အတူ ရာသီကြိုခရီးစဉ်ဆီ ပူးပေါင်းနိုင်ဖို့ ဟောင်ကောင်သို့ လေယာဉ်ဖြင့် ခရီးထွက်လာဖွယ်ရှိပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်းနဲ့ပတ်သက်ပြီး မာဆေးဆိုဒ်ကလပ်အသင်းက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိပေမယ့် ကာလရှည်စာချုပ်မျိုး ဖြစ်လာနိုင်ပါတယ်။
လီဗာပူးအသင်းက အခုသီတင်းပတ်ကုန်မှာ အေစီမီလန်နဲ့ခြေစမ်းပွဲကစားဖို့ရှိနေပြီး အီကီတီကီ ပါဝင်ကစားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။