The network connection is lost.

Banner Image

ဂိုးသမားနေရာအတွက် အံ့အားသင့်ဖွယ် အငှားချသွားနိုင်တဲ့ လီဗာပူး

လီဗာပူးနည်းပြအန်ဒိုနီအီရာအိုလာက အရန်ဂိုးသမားမာမာဒါရှီဗီလီကို အခုနွေရာသီမှာ အငှားချသွားဖို့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်နိုင်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း အပြောင်းအရွှေ့အတွက် ဗလန်စီယာနဲ့ လီဗာပူးတို့အကြား သဘောတူညီမှုရရှိပြီးနောက် မာမာဒါရှီဗီလီက ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးဆီ ရောက်ရှိလာခဲ့ပါတယ်။ သူရောက်ရှိလာပြီးနောက် ကလယ်ဟာက ဘရန့်ဖို့ဒ်အသင်းဆီ ထွက်ခွာသွားပါတယ်။

ဒီဂျော်ဂျီယာလက်ရွေးစင်ဂိုးသမားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ အလီဆင် ဒဏ်ရာရရှိနေချိန် အဓိကကစားသမားအဖြစ် ပြိုင်ပွဲစုံ ပွဲ ၂၀ အထိ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အလီဆင်ကပဲ လီဗာပူးရဲ့နံပါတ်-၁ ဂိုးသမားအဖြစ် နေရာမြဲနေပါတယ်။

လတ်တလောမှာ အလီဆင်နဲ့ ဂျူဗင်တပ်စ်တို့အကြား အပြောင်းအရွှေ့သတင်းတွေ ငြိမ်သက်သွားပြီဖြစ်သလို အီရာအိုလာကလည်း အလီဆင်ကိုပဲ အမာခံထားကာ အသင်းကို တည်ဆောက်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့်လည်း မာမာဒါရှီဗီလီကိုယ်တိုင်လည်း အငှားထွက်ကစားခွင့်ကို လက်ခံလာနိုင်ခြေ ရှိပါတယ်။

လက်ရှိမှာ စီးရီးအေကလပ်အသင်းအချို့က မာမာဒါရှီဗီလီကို ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တဖက်မှာလည်း လီဗာပူးက ဖရက်ဒီဝုဒ်မန်းကို စာချုပ်သက်တမ်းတိုးထားသလို အေဂျက်စ်မှာ အငှားထွက်ကစားကာ လက်စွမ်းပြရင်း အသင်းဆီ ပြန်လည်ရောက်ရှိနေတဲ့ ဂျာရို့စ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

မာမာဒါရှီဗီလီကတော့ ပထမဦးစားပေးဂိုးသမားအဖြစ်သာ ကစားချင်ပုံ ရပါတယ်။ ဒါပေမဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူက လီဗာပူးမှာ အဲ့ဒီလိုအခွင့်အရေးမျိုး မရရှိနိုင်သေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်။