The network connection is lost.

Banner Image

ဒဏ်ရာအခြေအနေကို စစ်ဆေးမှုပြုလုပ်ရမယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဟယ်ရီကိန်း

ဆဲလ်တစ်ကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် ဘိုင်ယန်စတား ကိန်းက ဒဏ်ရာရရှိနိုင်ချေကို စစ်ဆေးမှုပြုလုပ်ရမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အဆိုပါပွဲမှာ ဆဲလ်တစ်ကို ဘိုင်ယန်တို့ အချိန်ပိုအထိ ကစားခဲ့ရပြီး ၂-၂ သရေကျနေတာကြောင့် အချိန်ပိုမှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ရဲ့ ၉၄ မိနစ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးနဲ့ ၃-၂ ရလဒ်ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်ဟာ ကွန်ပနီလက်အောက်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကိုရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ထိပ်ဆုံးနေရာမျာ ၈ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။ ကိန်းတစ်ယောက် ဆဲလ်တစ်နဲ့ပွဲမှာ လူစားလဲခံခဲ့ရတာက ဒဏ်ရာအခြေအနေကို သံသယရှိနေတာကြောင့် သိရပါတယ်။ “ကျွန်တော်တို့ ဒီနေ့မှာ စစ်ဆေးမှုပြုလုပ်ရပါမယ်။ အဲ့နောက် ဘာဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဖရန့်ဖတ်နဲ့ပွဲမှာ ပါဝင်နိုင်မလားဆိုတာ မသေချာသေးပါဘူး”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

ကွန်ပနီကတော့ “အဲ့တာက ဟယ်ရီအတွက် လျင်မြန်တဲ့အလှည့်အပြောင်းပါ။ ကျွန်တော်တို့ ဂလက်စ်ဂိုမှာရှိနေခဲ့တာပါ။ သူက အတွေ့အကြုံရှိတဲ့ကစားသမားပါ။ ဒါပေမယ့် အသင်းကိုတော့ အပြည့်အဝကကမကူညီနိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာ ကျွန်တော်တို့ နောက်ထပ်အရဲမစွန့်ချင်တာကြောင့် လူစားလဲလိုက်တာပါ။ ဘယ်လောက်နားရမယ် ၊ ဒဏ်ရာရရှိခဲ့လားဆိုတာ ကျွန်တော် မသိသေးပါဘူး။ သူဒုတိယပိုင်းကို ဆက်မကစားနိုင်တာတော့ သေချာခဲ့ပါတယ်။

သူ့အခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။ မနက်ဖြန်မှာ စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး အခြေအနေသိရရင် ကျွန်တော်ပြန်ပြောပါမယ်။  ဒီနေ့ပွဲက တော်တော်လေးခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ၂ ဂိုးကနေ ၃ ဂိုးအထိရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၆ ရက်တုန်းက ခွန်အားအများကြီးအသုံးပြုထားခဲ့ရပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ ၈ မှတ်ဖြတ်နိုင်ခဲ့ပြီဖြစ်သလို အခုလည်း ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါပြီ။

ကျွန်တော်တို့ အနားယူရပါမယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း ပြိုင်ဘက်ကို စိုးမိုးထားချင်တာပါ။ ပြီးတော့ ပြိုင်ဘက်ထက်ပိုကောင်းချင်တာပါ။ ဒါပေမယ့် ရလဒ်ဆိုတာက အမြဲတမ်းအရေးကြီးတဲ့အရာပါ။ ဒီပွဲကနေ သင်ယူပြီး ကျွန်တော်တို့ နောက်ပွဲတွေမှာ သေချာလေးကစားရပါမယ်။လွန်ခဲ့တဲ့ ၃ ရက်တုန်းက လေဗာကူဆင်နဲ့ပွဲမှာ အကောင်းဆုံးတိုက်ပွဲဝင်ခဲ့ပါတယ်။ အဲ့နောက် အခု ဆဲလ်တစ်နဲ့ ထပ်ကန်ခဲ့ရပါတယ်။ ဒီနေ့ရလဒ်က ကျွန်တော်တို့အတွက် အကူအညီဖြစ်ခဲ့ပါတယ်”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။ 

ဆဲလ်တစ်နည်းပြ ရော်ဂျာကလည်း အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို အရမ်းဂုဏ်ယူမိတယ်လို့ အခိုင်အမာပြောကြားလိုက်ကာ ဘိုင်ယန်ရဲ့နောက်ကျအနိုင်ဂိုးက အရေးပါခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။