The network connection is lost.

Banner Image

ပေါ်တူဂီမြေမှာ သရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရတဲ့ ယူနိုက်တက်

စပို့တင်းလစ္စဘွန်း ၂-၂ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)

အခုလစ္စဘွန်းမြေပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ငါးနှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်အဝေးကွင်းနိုင်ပွဲရရှိဖို့ အတော်လေးနီးစပ်ခဲ့ပေမဲ့ ခံစစ်ပိုင်းအမှားအယွင်းတွေနဲ့အတူ သရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပထမပိုင်းပွဲချိန်အတွင်း ပင်နယ်တီတစ်ကြိမ်လွဲချော်ထားတဲ့ ဆွာရက်ဇ်က ပင်နယ်တီမှတဆင့် သွင်းယူခဲ့ပြီး ဒုတိယပိုင်းစတင်လာချိန်မှာတော့ ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီမှတဆင့် ချေပဂိုး၊ အဝေးကန်ချက်မှတဆင့် ဦးဆောင်ဂိုးတို့ကို သွင်းယူခဲ့လို့ သရဲနီတွေ ပြိုင်ပွဲကို ပြန်လည်ဦးဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်နှောင်းပိုင်းမှာ ဂိုးသမားလမ်မန်းစ်ရဲ့အမှားမှတဆင့် ဆွာရက်ဇ်က အိမ်ရှင်တွေအတွက် အဖိုးတန်ချေပဂိုးကို ကန်သွင်းယူခဲ့ပါတယ်။