The network connection is lost.

Banner Image

အောက်တန်းလိဂ်ဘောလုံးကစားဟန် ကျင့်သုံးနေတဲ့ အီရာအိုလာလို့ ရှောင်ဒိုက်ချ်ဆို

လီဗာပူးအသင်းနည်းပြသစ်အီရာအိုလာ အသုံးပြုတဲ့ နည်းစနစ်ပိုင်းတွေနဲ့ ပက်သက်လို့ နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ရှောင်ဒိုက်ချ်က ဝန်ခံလိုက်ပါတယ်။

အီရာအိုလာက လီဗာပူးကို စတင်ကိုင်တွယ်တဲ့ ပထမဆုံးရာသီကြိုခြေစမ်းပွဲမှာတင် ဆန်းဒါးလန်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီပွဲမှာ ကီရန်မောရစ်ဆင်၊ ဆိုဘိုဆလိုင်း၊ ချီယေဆာနဲ့ လူဝစ်ကူးမတ်စ်တို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။

အခုနွေရာသီ၊ အန်းစလော့ရဲ့နေရာကို အစားဝင်လာတဲ့ စပိန်လူမျိုးနည်းပြအီရာအိုလာရဲ့ လက်အောက် လီဗာပူးတို့ ဘယ်လိုပုံစံနဲ့ ကစားမလဲဆိုတာကို ပရိသတ်တွေကိုယ်တိုင် မြည်းစမ်းခွင့်ရခဲ့လို့ ရလဒ်အပေါ် ကျေနပ်နေကြပါတယ်။ ပြိုင်ဘက်ကို အဆက်မပြတ် ဖိအားပေးကစားတာ၊ တိုက်ရိုက်တိုက်စစ်ဆင်ထိုးဖောက်တာနဲ့ ဘောလုံးကို စနစ်တကျထိန်းချုပ်ကစားတာတွေကြောင့် အီရာအိုလာကိုင်တွယ်တဲ့ အသင်းတွေရဲ့ကစားပုံက ကြည့်ကောင်းလေ့ ရှိပါတယ်။

ဒါပေမဲ့ ရှောင်ဒိုက်ချ်ကတော့ အီရာအိုလာရဲ့ကစားဟန်ကို ရှေးရိုးစွဲဆန်ပေမဲ့ ထိရောက်မှုရှိတယ်လို့ Podcast အစီအစဉ်တစ်ခုမှာ ရှင်းပြခဲ့ပါတယ်။

"အီရာအိုလာက အခြေခံအားဖြင့် အောက်တန်းလိဂ်ဘောလုံးကစားဟန်ကို အဆင့်မြင့်မြင့် ကစားပြနေတာပါ။ သူတို့က ခင်ဗျားတို့ကို ခဏခဏ အလှည့်အပြောင်းတွေလုပ်ပြီး အရှုံးပေးသွားအောင် ဖိအားပေးနိုင်တယ်။ ဒါက အရည်အသွေးမြင့်ပြီး အားအင်အပြည့်နဲ့ ကစားတဲ့ ပုံစံမျိုးပါ" လို့ ရှောင်ဒိုက်ချ်က ပြောပြပါတယ်။

"အရင်အဲဗာတန်မှာတုန်းက သူရဲ့စပိန်စတိုင်ကစားဖို့ ကြိုးစားခဲ့မှုကို ကျွန်တော်တို့တွေ အပြတ်အသတ်ဖိကစားနိုင်ခဲ့မှုအပေါ် သဘောကျမိပါတယ်။ ဒါပေမဲ့ သူက စီမံခန့်ခွဲမှုအပိုင်းတွေမှာ အလွန်ထက်မြက်ပါတယ်။ ဒီပုံစံ အလုပ်မဖြစ်ဘူးဆိုတာသိလိုက်တာနဲ့ ချက်ချင်းပြောင်းလဲခဲ့ပါတယ်" လို့ ရှောင်ဒိုက်ချ်က ဆိုပါတယ်။

"နောက်တစ်ခါ ကျွန်တော်တို့နဲ့တွေ့ဆုံချိန် သူက တိုက်ရိုက်ထိုးဖောက်တဲ့ ပုံစံကို သုံးလာတယ်။ ကျွန်တော်တို့ရဲ့နောက်ခံလူတွေဆိုရင် ကိုယ့်ဂိုးဘက်ပဲ တောက်လျှောက် ပြန်ပြေးနေရပြီး အသက်ရှူဖို့တောင် အချိန်မရသလို ဖြစ်ခဲ့တယ်။ သူတို့က အရင်နဲ့ လုံးဝမတူတဲ့ အသင်းတစ်ခု ဖြစ်သွားခဲ့ပြီး အီရာအိုလာ တကယ်တော်ပါတယ်" လို့ ရှောင်ဒိုက်ချ်က ချီးကျူးခဲ့ပါတယ်။

လီဗာပူးအသင်းက ရာသီအဖွင့်ပွဲစဉ်အဖြစ် စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့ အီရာအိုလာအတွက်တော့ ပထမဆုံးစိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ လတ်တလောမှာတော့ သူက လက်ကျန်ရာသီကြိုပွဲစဉ်တွေမှာ အသင်းရဲ့ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်။