
ပွဲထွက်ခွင့်အတွက် အားပြိုင်ရတော့မယ့် ပီအက်စ်ဂျီစတား
သတင်းတွေအရ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာတစ်ယောက် အသင်းရဲ့ဂိုးသမားသစ်ခေါ်ယူခဲ့တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ ဂိုးသမားနေရာအတွက် အသက် ၂၃ နှစ်သားဟာ ချီဗာလီယာကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။RMC Sport သတင်းဌာနကတော့ ဒွန်နာရမ်မာဟာ ချီဗာလီယာရောက်လာမှုနဲ့ပတ်သက်ပြီး ပွဲထွက်ခွင့်မရတော့မှာကို မကျေနပ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်း ပြီးခဲ့တဲ့ရာသီတုန်းက ပထမဆုံးချန်ပီယံလိဂ်ရယူနိုင်ခဲ့ရာမှာ အီတလီသားလက်စွမ်းက အခရာကျခဲ့တာဖြစ်ပါတယ်။ ဒွန်နာရမ်မာ နဲ့ ပီအက်စ်ဂျီတို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဈေးကွက်ထဲမှာ ခေါ်ယူလို့ရနိုင်တာဖြစ်ပါတယ်။ ယူနိုက်တက် နဲ့ ချဲလ်ဆီးတို့က ဂိုးသမားနေရာအတွက် ရှာဖွေနေပြီး အီတလီသားကို မျက်စိကျနေပါတယ်။ ဒါပေမယ့်လည်း အသင်းချင်းတော့ မဆွေးနွေးရသေးတာဖြစ်ပြီး ပီအက်စ်ဂျီ နဲ့ ဒွန်နာရမ်မာတို့ စာချုပ်သစ်အနေအထားကလည်း မသေချာသေးတာဖြစ်ပါတယ်။
ပီအက်စ်ဂျီဘက်ကတော့ ဒွန်နာရမ်မာကို ပြန်လည်ရောင်းချရမယ်ဆိုရင် ဈေးကြီးကြီးလိုချင်နေပါတယ်။ ယူနိုက်တက်ဟာ ဈေးကွက်ထဲမှာ ဂိုးသမားသစ်ရှာဖွေနေပြီး ဘိုတာဖိုဂိုဂိုးသမား ဗစ်တာ နဲ့ မာတီနက်ဇ်တို့ကို ပစ်မှတ်ထားနေပါတယ်။ အိုနာနာဟာ အမှားများတာကြောင့် ယူနိုက်တက်တာဝန်ရှိသူတွေက ဂိုးပေါက်မှာ စိတ်ချရတဲ့ဂိုးသမားမျိုးလိုချင်နေပါတယ်။ အီတလီသားအနေနဲ့ အသင်းပြောင်းမလား ဒါမှမဟုတ် ပွဲထွက်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်မလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။
သတင်းတွေကတော့ ချီဗာလီယာဟာ လာမယ့်ရာသီ အင်းနရစ်ရဲ့အဓိကဂိုးသမားဖြစ်လာနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ တကယ်လို့ စာချုပ်သစ်အဆင်မပြေခဲ့ရင် ဒွန်နာရမ်မာကို ပီအက်စ်ဂျီက ရောင်းချမှာဖြစ်ပြီး ယူနိုက်တက် နဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖွယ်ရှိနေပါတယ်။