
The network connection is lost.

ကလော့ပ်သာ လီဗာပူးသို့ လာမယ်ဆိုတာကို သိရှိခဲ့မယ်ဆိုရင် လီဗာပူးမှာသာ ဆက်နေခဲ့မယ်လို့ ဂျရတ် ဝန်ခံပြောကြားလိုက်ပါတယ်။
နာမည်ကြီး ကွင်းလယ်ကစားသမားဟာ ကလပ်တွင် ၁၇ နှစ်ကြာအောင် ကစားခဲပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ သူဟာ မာဆေးဆိုက်အသင်းမှာ ပွဲပေါင်း ၇၀၀ ကျော်ကစားပြီးနောက် ချန်ပီယံလိဂ်ဖလားနဲ့ အခြားဆုဖလားများစွာကို ရယူနိုင်ခဲ့ကာ ၂၀၁၅ ခုနှစ်မှာ ကလပ်က ထွက်ခွာခဲ့ပါတယ်။
ဂျရတ်ဟာ လီဗာပူးနှင့်အတူ ဆုဖလားစွာ ရရှိခဲ့ပြီးနောက် MLS ကလပ် အယ်လ်အေဂလက်ဆီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ လီဗာပူးအသင်းကနေ အမှန်တကယ်ကမ်းလှမ်းခဲ့တဲ့ စာချုပ်တစ်ရှိခဲ့ကြောင်းလည်း ဂျရက်က ဝန်ခံခဲ့ပါတယ်။
ကွင်းလယ်ကစားသမားဟာ ပွဲကစားချိန်လိုချင်တာကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ရော်ဂျာရဲ့နေရာမှာ ကလော့ပ် တာဝန်ယူမည်ကို အချိန်ကိုသိခဲ့ပါက ထွက်ခွာရန် တောင်းဆိုထားမှုကို ပြောင်းလိုက်မှာဖြစ်ပါတယ်လို့ ဂျရတ်က ဝန်ခံခဲ့ပါတယ်။
TikTokတွင် The Anfield Wrap မှ မျှဝေထားသော ဗီဒီယိုတစ်ခုမှာ ဂျရက်က "ကျွန်တော် ကြေကွဲခဲ့ရပါတယ်။ အမေရိကကိုသွားဖို့ တစ်နှစ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားပေမယ့် သက်တမ်းတိုးခဲ့မယ်ဆိုရင် ကလော့ပ်ရဲ့ လမ်းညွှန်မှုအောက်မှာ ၆ လလောက်ရှိနိုင်ခဲ့မှာပါ" "ဒါပေမယ့် အဲဒီအချိန်မှာ ရော်ဂျာရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေပြီး ကျွန်တော့်ရဲ့ ပွဲကစားချိန်က လျော့နည်းသွားတော့မယ်ဆိုတာ သိသာပါတယ်။ အရန်ကစားသမား အဖြစ် လီဗာပူးအသင်းရဲ့ ကစားသမားမဖြစ်ချင်ပါဘူး" "အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အကောင်းဆုံး ကွင်းလယ်ကစားသမားလို့ ခံစားမိနေတုန်းပါပဲ။ ဒါပေမယ့် နောက်ကွယ်မှာ ဘာဖြစ်လာမယ်ဆိုတာ ကျွန်တော်သိခဲ့ရင် သက်တမ်းတိုးစာချုပ် ချုပ်ပြီး ကလော့ပ်နဲ့အတူရှိနေမယ့် ၆ လအတွက် ရော်ဂျာနဲ့အတူ ၅ လ လောက်နေမိခဲ့မှာပါ" လို့ ဂျရတ်က ပြောပါတယ်။
နည်ပြဟောင်း ရော်ဂျာရဲ့လက်အောက်မှာ အရန်ကစားသမားမဖြစ်ချင်ဘူးလို့ ဂျရတ်က ဝန်ခံခဲ့ပြီး ကလော့ပ်ရဲ့လက်အောက်မှာဆိုရင်တော့ ကြိုးစားလိုခဲ့တာဖြစ်ပါတယ်။ "သူ့ရဲ့ကစားဟန်နဲ့ ကျွန်တော့်ရဲ့ ကစားပုံက တူညီတဲ့အတွက် ကျွန်တော်ဟာ သူ့ရဲ့အကောင်းဆုံး လူစားဝင် ကစားသမားဖြစ်လာနိုင်ပါတယ်လို့ ပြောပါရစေ။ ကျွန်တော်ဟာဆိုရင် သူ့အတွက် ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြား၊ မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၂ ပွဲလောက်အောင် ကစားရနိုင်ပါတယ်" လို့ ဂျရက်က ပြောပါတယ်။
လီဗာပူးမှာ ကစားခဲ့ပြီးနောက် MLS ကလပ် အယ်လ်အေဂလက်ဆီမှာ တစ်ရာသီခွဲကြာအောင် ဂျရတ်က ကစားခဲ့ပါတယ်။ သူဟာ ကစားသမားဘဝ အနားယူမယ်လို့ မပြောကြားမီ အဆိုပါအသင်းအတွက် ၃၉ ပွဲကစားကာ ၅ ဂိုး သွင်းယူခဲ့ပါတယ်။ ထိုအချိန်မှစပြီး အသက် ၄၃ နှစ်အရွယ် ဂျရက်ဟာ နည်းပြဘ၀ကို စတင်ခဲ့ပြီး လီဗာပူး အကယ်ဒမီတွင် တာဝန်ယူခဲ့ပြီးနောက် ရိန်းဂျားသို့ပြောင်းရွှေ့သွားကာ စကော့တလန်ပရီးမီးယားရှစ်ကို ရရှိခဲ့ပါတယ်။
ဆော်ဒီအာရေဗျသို့ မပြောင်းရွှေ့မီ ဂျရတ်ဟာ အက်စတွန်ဗီလာတွင် နည်းပြအဖြစ်လုပ်ဆောင်ခဲ့ပါတယ်။ ဆော်ဒီမှာ နည်းပြအဖြစ် ရောက်ရှိလာပြီးနောက် လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန်ဟန်ဒါဆန်နှင့် ဂျော်ဂျီနီယိုဝစ်နယ်ဒမ်တို့အပါအဝင် လီဗာပူးကစားသမားဟောင်း အများအပြားကို ခေါ်ယူဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်။