The network connection is lost.

Banner Image

အမ်မိုရင်ရောက်လာကတည်းက အဆင်ပြေနေတဲ့ ယူနိုက်တက် ကစားသမား ၃ ဦးရဲ့ နာမည်ကို ပြောကြားလိုက်တဲ့ ဂယ်ရီနဗီးလ်

တနင်္လာနေ့ညတုန်းက ယူနိုက်တက်ဟာ ၃ ပွဲဆက်ရှုံးနိမ့်မှုကို အဆုံးသတ်ရန် ကြိုးပမ်းနေစဉ် အိုးထရက်ဖို့ဒ်မှာ အက်ဒီဟောင်းရဲ့ အသင်းကို ဧည့်ခံကစားခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း အမ်မိုရင်ရဲ့ ကစားသမားများတွေဟာ အိုင်ဆက်နှင့် ဂျိုလင်တန်တို့ရဲ့ သွင်းဂိုးများကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် ၃၃ မိနစ်တွင် အမ်မိုရင်ဟာ နွေရာသီမှာခေါ်ယူထားတဲ့ ဇီကာဇီကို လူစားလဲဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ဟာ အနည်းငယ်တိုးတက်လာခဲ့ပေမယ့် မာကျောတဲ့ နယူးကာဆယ်ခံစစ်ကို မဖြတ်ကျော်နိုင်ခဲ့ပါဘူး။ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့တာကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာသို့ရောက်သွားပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၂၃ မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။

Sky Sports သို့ပြောကြားရာတွင် ယူနိုက်တက် နောက်ခံလူဟောင်း နဗီးလ်က အမ်မိုရင် ရောက်ရှိလာပြီးကတည်းက အဆင်ပြေသွားပြီလို့ ခံစားရတဲ့ ကစားသမား ၃ ဦးကို ရွေးချယ်ခဲ့ပါတယ်။ နဗီးလ်က "အမ်မိုရင် ရောက်လာကတည်းက အဆင်ပြေတယ်လို့ ပြောနိုင်တဲ့ ကစားသမား ၃ ယောက်ပဲ ရှိပါတယ်" "အာမက်၊ ဒါလော့ နဲ့ မာဇာရာဝီတို့ပဲဖြစ်ပါတယ်။ သူတို့ဟာ အံ့သြစရာမဟုတ်သလို မှန်ကန်တဲ့ချဉ်းကပ်မှုကို လုပ်ခဲ့တာဖြစ်ပါတယ်" တို့ ပြောပါတယ်။

ပွဲအပြီး ဆွေးနွေးတဲ့အခါ နဗီးလ်က ယူနိုက်တက်ဟာ တန်းဆင်းတိုက်ပွဲထဲအထိ ဆွဲငင်ခံရဖို့ အန္တရာယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ နဗီးလ်က "အမ်မိုရင်က မပြောင်းလဲဘူးလို့ စိတ်ပိုင်းဖြတ်ထားပေမယ့် သူ့ရင်ထဲမှာတော့ ခံစားနေရမှာပါပဲ။ ကျွန်တော်လည်း စိုးရိမ်မိပါတယ်။ ဒါဟာ တကယ့်ကို ဆိုးရွားလွန်းပါတယ်။ ပထမနာရီဝက်က ယူနိုက်တက်ပရိသတ်တစ်ယောက်အနေနဲ့ ကြည့်ရတာ ခက်ပါတယ်"

"ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းတွေ ဆိုးရွားလာခဲ့တာ သံသယဖြစ်စရာ မရှိပါဘူး။ သူတို့က အရမ်းခက်ခဲပါတယ်။ နည်းစနစ်ရှိတဲ့ ကစားသမားအချို့က ယုံကြည်မှုအပြည့်ရှိနေပေမယ့် ခက်ခဲနေတာကို တွေ့ရပါတယ်။ ပြီးတော့ စိုးရိမ်စရာကတော့ တန်းဆင်းဇုန် တိုက်ပွဲထဲသို့ ဆွဲခေါ်သွားသလိုပါ" လို့ ပြောပါတယ်။

နဗီးလ်က "သူတို့က လုပ်စရာတွေ အများကြီးရှိနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒီကစားသမားတွေမှာ တန်ဟက်၊ ဆိုးလ်ရှား၊ မော်ရင်ဟို နှင့် ဗန်ဟားတို့တုန်းကလို အရည်အချင်းများ မရှိပါဘူး" "အဲဒီကာလတွေမှာ သူတို့တွေက ယူနိုက်တက်အတွက် ကောင်းကောင်းမစွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအသင်းထက် ပိုကောင်းတဲ့အသင်းတွေဖြစ်ခဲ့ပါတယ်"  ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တွင် အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ လီဗာပူးနဲ့ အန်ဖီးလ်မှာ ကစားရမှာဖြစ်ပါတယ်။