The network connection is lost.

Banner Image

ပိုချက်တီနိုလက်အောက်မှာ မာဇာရာဝီကို ဆက်လက်ထိန်းသိမ်းထားဖို့ ယူနိုက်တက် စိတ်ပိုင်းဖြတ်ထား

အပြောင်းအရွှေ့ကောလာဟလသတင်းတွေကို လျှော့ချငြိမ်သက်စေရင်း ပိုချက်တီနိုလည်း အခုသီတင်းပတ်မှာ မန်ချက်စတာယူနိုက်တက်ကို စတင်တာဝန်ယူကိုင်တွယ်သွားပါတော့မယ်။

သရဲနီတွေက မိုက်ကယ်ကာရစ်ကို ထုတ်ပယ်ခဲ့သလို တန်းဆင်းဇုန်အတွင်း နက်နက်ရှိုင်းရှိုင်း ရောက်ရှိနေလို့ လက်ရှိအကျပ်အတည်းမှ ရုန်းထွက်ချင်တယ်ဆိုရင် ကလပ်အသင်းအတွက် ကွင်းတွင်းကွင်းပြင် အပြောင်းအလဲတွေ မဖြစ်မနေ လိုအပ်နေပါပြီ။

အပြောင်းအလဲတွေဖန်တီးဖို့ မန်ချက်စတာဆီ ပိုချက်တီနို ရောက်ရှိလာချိန် လိုအပ်တဲ့ ညှိနှိုင်းပြင်ဆင်မှုတွေ ပြုလုပ်ဖို့နဲ့ မျက်နှာသစ်ကစားသမားတွေ ခေါ်ယူနိုင်မယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မတိုင်မီ နှစ်လတောင် မပြည့်တော့တဲ့ အချိန်ကာလကို သူ ရရှိထားပါတယ်။

အခုတော့ သတင်းတွေအရ ပရီးမီးယားလိဂ်မှာ ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေရတဲ့ မာဇာရာဝီကို အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့လို စီးရီးအေကလပ်အသင်းတွေ အနီးကပ်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း လာမယ့်နှစ်အတွင်း ခံစစ်ပိုင်းအဆင့်မြှင့်တင်ဖို့ အနည်းဆုံးနောက်ခံလူသုံးဦးအထိ ခေါ်ယူမယ့် ယူနိုက်တက်က ဒီဆောင်းရာသီမှာ မာဇာရာဝီကို "ဆက်လက်ထိန်းသိမ်းထားဖို့ စိတ်ပိုင်းဖြတ်ထားတယ်" လို့ GOAL နဲ့ Daily Briefing တို့က ဖော်ပြထားပါတယ်။

လက်ရှိအေစီမီလန်ကို တာဝန်ယူနေတဲ့ ယူနိုက်တက်နည်းပြဟောင်းအာမိုရင်ကြောင့် နည်းပြဟောင်းဆီ သွားရောက်ပူးပေါင်းဖို့ စီးရီးအေဆီ ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို မာဇာရာဝီ စိတ်ဝင်စားလာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မာဇာရာဝီရဲ့စာချုပ်က ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေပြီး ၂၀၂၇ ခုနှစ်မှာ သူ့ကို ဆက်လက်ထိန်းသိမ်းထားဖို့ ယူနိုက်တက်အတွက် အခြေအနေကောင်းနေပါတယ်။ သူတို့ဘက်က ရောင်းထုတ်ဖို့ ဘာဖိအားမှ မရှိပေမဲ့ ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့တွေအတွက် ငွေကြေးရှာဖွေနိုင်ဖို့ ပိုချက်တီနိုရဲ့လက်အောက်မှာ အနာဂတ်မတောက်ပနိုင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ကြိုးပမ်းလာနိုင်ပါတယ်။

၈ ပွဲ ပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက်ကစားထားရလို့ ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖန်တီးနိုင်မယ့် ပိုမိုငယ်ရွယ်တဲ့ ကစားသမားကောင်းတစ်ဦးကို ခေါ်ယူနိုင်မယ်ဆိုရင် မာဇရာဝီကို ရောင်းချတယ်ဆိုတာလည်း ကျိုးကြောင်းဆီလျော်မှု ရှိနေပါလိမ့်မယ်။

ဒီနောက်ခံလူက အန်းဖီးလ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြန်လည်ပြင်ဆင်မှုတွေ မပြုလုပ်မီ နိုဝင်ဘာ ၁၇ ရက်မှာ နိုင်ဂျာနဲ့ ဒုတိယမြောက် ပွဲစဉ်ကို ပါဝင်ကစားဖို့ ရှိနေပါတယ်။