The network connection is lost.

Banner Image

အီကွေဒေါကို အနိုင်ရပြီးနောက် နောက်ပွဲတွေအတွက် ဆက်လက်အာရုံစိုက်ဖို့ အိုင်ဗရီကို့စ်ကို အာမက်တိုက်တွန်း

၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲ အိုင်ဗရီကို့စ်အသင်းက အီကွေဒေါအသင်းကို ၁ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အတွက် အာမတ်ဒီယာလိုက သူရဲ့ ကျေနပ်ပီတိဖြစ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဖီလာဒဲလ်ဖီးယားအားကစားကွင်းမှာ အကြိတ်အနယ်ရှိလှတဲ့ ဒီပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ကန်ချက်တွေက ဂိုးတိုင်တွေကို လေးကြိမ်အထိ ထိမှန်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အာမတ်ဒီယာလိုက လူစားဝင်လာပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အနိုင်နဲ့ စတင်နိုင်ခဲ့ပေမဲ့လည်း အသက် ၂၂ နှစ်အရွယ် ကစားသမားလေးကတော့ ကျန်ရှိနေတဲ့ အုပ်စုပွဲစဉ်တွေအတွက် ပြင်ဆင်တဲ့အခါမှာ အသင်းအနေနဲ့ အာရုံစိုက်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ ဒီနိုင်ပွဲကို လိုအပ်ခဲ့တာပါ။ သမိုင်းသစ်ရေးထိုးဖို့ ဒီကို လာခဲ့တာဖြစ်ပါတယ်။ ရှေ့မှာ နောက်ထပ် နှစ်ပွဲ ကစားဖို့ ကျန်ပါသေးတယ်၊ အဲ့ဒီပွဲတွေကိုလည်း အခုလို စိတ်ဓာတ်မျိုးနဲ့ပဲ အကောင်းဆုံး ယှဉ်ပြိုင်ပြီး အနိုင်ယူဖို့ ကြိုးစားသွားမှာပါ" လို့ အာမတ်က FIFA.com ကို ပြောကြားခဲ့ပါတယ်။

 "ကျွန်တော်တို့ အာရုံစိုက်ထားဖို့ လိုပါတယ်။ အီကွေဒေါကစားသမားတွေက ရုပ်ပိုင်းဆိုင်ရာအရ အရမ်းကြံ့ခိုင်တာကြောင့် ဒါဟာ ခက်ခဲတဲ့ပွဲဖြစ်လာမယ်ဆိုတာ သိထားပြီးသားပါ။ သူတို့က ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့တာ မှန်ပေမဲ့ ကျွန်တော်တို့ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ အာရုံစိုက်ကစားနိုင်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။

အိုင်ဗရီကို့စ်အသင်းဟာ လာမယ့် ဇွန်လ ၂၀ ရက် စနေနေ့မှာတော့ ဂျာမနီအသင်းနဲ့ တိုရွန်တိုအားကစားကွင်းမှာ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။