အင်္ဂလန်နည်းပြ အဖြစ်မှ မနုတ်ထွက်မီ ဂါရတ်ဆောက်ဂိတ်ရဲ့ ကြေကွဲဖွယ်ဝန်ခံချက်
နည်းပြ ဂါရတ် ဆောက်ဂိတ်က ရာထူးမှ နုတ်ထွက်ကြောင်း မကြေငြာမီ ရက်ပိုင်းအလိုတွင် အင်္ဂလန်အသင်းနည်းပြအဖြစ် လုပ်ဆောင်ခဲ့တဲ့ တာဝန်နှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၅၃ နှစ်အရွယ်နည်းပြဟာ အင်္ဂလန်နည်းပြအဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ယနေ့ကြေညာခဲ့ပြီး နိုင်ငံအသင်းရဲ့ အခန်းသစ်အတွက် အချိန်ကျရောက်ပြီလို့ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့ညက ယူရို ၂၀၂၄ ဖိုင်နယ်မှာ အင်္ဂလန်က စပိန်ကို ရှုံးနိမ့်ပြီးနောက်မှာ ဂါရတ်က "ဂုဏ်ယူစရာကောင်းတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်အနေနဲ့ အင်္ဂလန်အတွက် ကစားရတာနဲ့ အင်္ဂလန်ကို နည်းပြအဖြစ်စီမံခန့်ခွဲရတာ ကျွန်တော့်ဘဝအတွက် ဂုဏ်ယူမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ "ဒါဟာ ကျွန်တော့်အတွက် အရာအားလုံး အဓိပ္ပာယ်ရှိပြီး ကျွန်တော်ကိုယ်တိုင်လည်း အားလုံးပေးဆပ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအလဲနဲ့ ကဏ္ဍသစ်တစ်ခုအတွက် အချိန်ရောက်နေပါပြီ။ တနင်္ဂနွေနေ့က စပိန်နဲ့ ဘာလင်က ဖိုင်နယ်ပွဲဟာ အင်္ဂလန်နည်းပြ အဖြစ် ကျွန်တော့်ရဲ့ နောက်ဆုံးပွဲပါပဲ" လို့ ဆောက်ဂိတ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နယ်သာလန်အသင်းကို အနိုင်ရပြီးနောက် ရက်အနည်းငယ်အကြာတွင် ပြိုင်ပွဲရဲ့ ဖိုင်နယ်သို့ ပို့ဆောင်ခဲ့တဲ့ ဆောက်ဂိတ်က သူနဲ့သူရဲ့အသင်းအပေါ် ပြစ်တင်ဝေဖန်မှုများကို မြင်တွေ့ရတဲ့အတွက် စိတ်မကောင်းကြောင်း သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် သူရဲ့လက်ထပ်တွင် နောက်ထပ် ယူရိုဖိုင်နယ်သို့ ရောက်ရှိခဲ့တဲ့အပေါ် စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ခဲ့ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြင်းထန်တဲ့ ကြေငြာချက်နဲ့ စတင်ခဲ့ပါတယ်။ "ကျွန်တော်တို့အားလုံးက အချစ်ခံချင်ကြတယ် ဟုတ်လား" "တိုင်းပြည်အတွက် တစ်ခုခုလုပ်တဲ့အခါ ဂုဏ်ယူစရာကောင်းတဲ့ အင်္ဂလိပ်လူမျိုးဖြစ်ပြီး နောက်ကြောင်းပြန်မခံစားရတဲ့အခါ ဝေဖန်ခံရဖို့က ခက်ပါတယ်။ ဒါကြောင့် ဒုတိယကြိမ်မြောက်ဖိုင်နယ်ကို ဂုဏ်ယူနိုင်ဖို့က အရမ်းထူးခြားပြီး အထူးသဖြင့် ခရီးထွက်လာပြီး အားပေးကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှု ပမာဏက အံ့မခန်းပါပဲ"
"သူတို့ ခရီးထွက်ဖို့ သုံးစွဲရတဲ့ ငွေကြေးပမာဏ ဒီလိုညတွေအတွက် အချိန်ပေးနိုင်ဖို့ လုပ်ခဲ့ရပါတယ်။ ရုရှားကမ္ဘာ့ဖလားကနေပြီး ၆ နှစ်အတွင်းမှာ သူတို့ကို နည်းနည်းလောက် ပေးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ မြက်ခင်းပြင်မှာ မနေဖူးဘဲ သူတို့လို အောင်ပွဲခံနေတာကို ကြည့်ဖူးတယ်။ ကျွန်တော်တို့က ပုံစံအမျိုးမျိုးနဲ့ ဆွေမျိုးတွေ ဖြစ်ကြပေမယ့် ကျွန်တော်က အဖွဲ့တစ်ဖွဲ့ကို ရွေးပြီး ဒီညလို တစ်ညလောက် ပေးစွမ်းနိုင်အောင် လုပ်ရတာက အရမ်းထူးခြားပါတယ်" လို့ ဆောက်ဂိတ်က ပြောပါတယ်။
ဒုတိယမြောက်ဥရောပချန်ပီယံရှစ်ဖိုင်နယ်တွင် ရှုံးနိမ့်ပြီးနောက် အင်္ဂလန်နည်းပြအဖြစ် ဆက်လက်ရပ်တည်ဖို့ မှန်ကန်သည်ဖြစ်စေ မမှန်ကန်သည်ဖြစ်စေ ခက်ခဲတဲ့ဆုံးဖြတ် ချက်ချခဲ့ရကြောင်း ဆောက်ဂိတ်က ဝန်ခံခဲ့ပါတယ်။ အီတလီနဲ့ ယူရို ၂၀၂၀ ပွဲစဉ်မှာ အင်္ဂလန်ကစားသမားတွေရဲ့ ပင်နယ်တီမဝင်မှုကြောင့် ရှုံးနိမ့်ခဲ့သလို ဒီတစ်ကြိမ်မှာတော့ စပိန်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ဆောက်ဂိတ်ရဲ့လက်ထက် ယခုအချိန်အထိ ချန်ပီယံဖြစ်ဖို့နီးစပ်တဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ သူလုပ်ဆောင်ရမယ့် ခြေလှမ်းသစ်တွေကို ထည့်သွင်းစဉ်းစားရင်း ဆောက်ဂိတ်က BBC Radio 5 Live သို့ "မေးခွန်းကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့လူတွေကို ပြောဖို့လိုမယ်ထင်ပါတယ် ပြီးတော့ အဲဒီကနေ ထွက်သွားပါမယ်" "အသင်းကို နောက်ထပ်ဖိုင်နယ်ရောက်အောင် ဦးဆောင်နိုင်ခဲ့တဲ့ အံ့သြစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ရှိတဲ့အချိန်က တိုတောင်းလာတဲ့အတွက် အရမ်းနာကျင်ရမယ်ဆိုတာ သိသာပါတယ်" လို့ ပြောပါတယ်။
သူ့ရဲ့ကြိုဆိုမှုကို မခံချိမခံသာဖြစ်စေတာက အဲဒီအတွေးဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလားလို့ မေးမြန်းရာမှာ အင်္ဂလန်နည်းပြဟောင်းက "အဲ့ဒါရဲ့ အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်" "အသင်းအတွက် မှန်ကန်တဲ့အရာတွေရှိသလို ကျွန်တော့်အတွက် မှန်ကန်တဲ့အရာတွေရှိပါတယ်။ ဟုတ်ပါတယ် စဉ်းစားစရာတွေ အများကြီးရှိပါတယ်" လို့ ဖြေပါတယ်။
ဒါဟာ စပိန်နှင့်ပွဲရဲ့ အလွန်စိတ်ပျက်စရာကောင်းတဲ့ အဆုံးသတ်မတိုင်မီ အမှတ်ရဖွယ်ကောင်းစေမယ့် နောက်ကောက်ချမှုကို ခံစားခဲ့ရတဲ့ အင်္ဂလန်နည်းပြအတွက် စိတ်လှုပ်ရှားဖွယ်ရာ အတက်အကျတစ်ခုသာဖြစ်ပါတယ်။
ယူရိုဖိုင်နယ်တွင် ရှုံးနိမ့်ပြီးနောက် အဝတ်လဲခန်းနှင့် ပတ်သက်ပြီး ဆောက်ဂိတ်က "ဒီမြင်ကွင်းကို ခင်များတို့စိတ်ကူးကြည့်လို့ ရပါတယ် တကယ်ကိုပြောစရာ မရှိပါဘူး။ ပြိုင်ပွဲတလျှောက် သူတို့လုပ်ဆောင်ခဲ့တာတွေအတွက် ဂုဏ်ယူမိကြောင်းကို ကစားသမားတွေထံ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒီနေ့ညမှာတော့ နည်းနည်းလေး တိုသွားပါတယ်" "နောက်ဆုံးမှာ ကျွန်တော်တို့က ဘောလုံးကို ကောင်းကောင်းမထိန်းနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းတုန်းက သူတို့ရဲ့ တိုက်စစ်ခြိမ်းခြောက်မှုမှာ ကျွန်တော်တို့ ပေါ့လျော့ခဲ့သလို သူတို့ရဲ့ တန်ပြန်ဖိအားပေးမှုကို ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး" လို့ ပြောခဲ့ပါတယ်။