
The network connection is lost.

ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးဆီ ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်း ကစားသမား ၂၆ ဦးစာရင်းကို နည်းပြဂါရတ်ဆောက်ဂိတ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီစကာတင်လူစာရင်းမှာ ပဏာမလက်ရွေးစင်ကစားသမား ၃၃ ဦးစာရင်းဝင် ဂရီးလစ်ရှ်၊ မက်ဂွါရီ၊ မက်ဒီဆင်တို့လို နာမည်ကြီးကစားသမားတွေ မပါဝင်လာခဲ့သလို ကာတစ်ဂျုံးစ်၊ ကွန်ဆာ၊ ဘရန့်ဝိတ်နဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်တို့လည်း ဂျာမနီနိုင်ငံဆီလိုက်ပါခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။
ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်ကစားသမား ၂၆ ဦးစာရင်းမှာ- ဂိုး - ဒင်းဟန်ဒါဆန်(ခရစ္စတယ်ပဲလေ့စ်)၊ ပစ်ခ်ဖို့ဒ်(အဲဗာတန်)၊ ရမ့်စ်ဒေး(အာဆင်နယ်)
နောက် - လီဝစ်ဒန့်ခ်(ဘရိုက်တန်)၊ ဂျိုးဂိုးမက်ဇ်(လီဗာပူး)၊ ဂူဟီ(ခရစ္စတယ်ပဲလေ့စ်)၊ ကွန်ဆာ(အက်စတွန်ဗီလာ)၊ လုခ်ရှော(မန်ချက်စတာယူနိုက်တက်)၊ ဂျွန်စတုန်းစ်(မန်စီးတီး)၊ ထရစ်ပီယာ(နယူးကာဆယ်)၊ ဝေါ်လ်ကာ(မန်စီးတီး)
လယ် - အာနိုးလ်(လီဗာပူး)၊ ဂလယ်ဟာ(ချဲလ်ဆီး)၊ မိုင်နူး(မန်ချက်စတာယူနိုက်တက်)၊ ဝါတန်(ခရစ္စတယ်ပဲလေ့စ်)၊ ဒီကလန်ရိုက်စ်(အာဆင်နယ်)
ရှေ့ - ဘယ်လင်ဟမ်(ရီးရဲလ်မက်ဒရစ်)၊ ဘိုဝင်(ဝက်စ်ဟမ်း)၊ အီဇီ(ခရစ္စတယ်ပဲလေ့စ်)၊ ဖိုဒန်(မန်စီးတီး)၊ ဂေါ်ဒွန်(နယူးကာဆယ်)၊ ဟယ်ရီကိန်း(ဘိုင်ယန်မြူးနစ်)၊ ပယ်လ်မာ(ချဲလ်ဆီး)၊ ဆာကာ(အာဆင်နယ်)၊ တိုနေး(ဘရန့်ဖို့ဒ်)၊ ဝက်ကင်းစ်(အက်စတွန်ဗီလာ) တို့ဖြစ်ပါတယ်။
အင်္ဂလန်အသင်းက ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးသွေးပူလေ့ကျင့်ခန်းအဖြစ် အခုလာမယ့်သောကြာနေ့၊ ဝင်ဘာလေကွင်းအတွင်း အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲစဉ်ကို ဧည့်ခံကစားသွားပါလိမ့်မယ်။ ဒီနောက်မှာတော့ သူတို့က အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၅ ရက်မှာ ဆာဘီးယားနဲ့ စတင်ယှဉ်ပြိုင်ကစားပြီး ဇွန် ၂၀ နဲ့ ဇွန် ၂၅ ရက်တို့မှာ ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။