
အင်တာအနေနဲ့ စတားတစ်ဦးကိုမရောင်းချသင့်ဘူးလို့ အီတလီနည်းပြဟောင်း ကာပယ်လိုပြောကြား
အီတလီနည်းပြဟောင်း ကာပယ်လိုက အင်တာအနေနဲ့ ကွင်းလယ်လူ ကာဟန်နိုဂလူကိုမရောင်းချသင့်ဘူးလို့ ပြောကြားလိုက်ပြီး အသင်းအတွက်အရေးပါတဲ့ကစားသမားလို့ ထောက်ပြလိုက်ပါတယ်။ ကာဟန်နိုဂလူဟာ အင်တာအသင်းဖလား ၃ လုံးချန်ပီယံဆုအပြင် ကလပ်ကမ္ဘာ့ဖလားကနေထွက်ခွာခဲ့ရမှုမှာဝေဖန်ခံနေရပါတယ်။ ဖလူမီးနီးစ်ကို အရေးနိမ့်ခဲ့ပြီးနောက် အသင်းဖော် မာတီနက်ဇ်က အသင်းမှာဆက်မနေချင်ရင်ထွက်ခွာနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။
ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒဏ်ရာရခဲ့ပြီးနောက် ကာဟန်နိုဂလူဟာ ကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်မရခဲ့သလို အဆိုပါရှုံးပွဲမှာလည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ အသက် ၃၁ နှစ်သားကို ဂါလာတာစာရေးအသင်းက ချိတ်ဆက်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းချင်နေပါတယ်။ ဒါပေမယ့်လည်း ကာပယ်လိုက အင်တာအနေနဲ့ ကာဟန်နိုဂလူကို ဆက်ထိန်းသင့်ပြီး မန်စီးတီးက ရိုဒရီတို့ခိုင်းနှိုင်းခဲ့ပါတယ်။
“ဒီဖြစ်ရပ်တွေက အဝတ်လဲခန်းထဲမှာပဲဖြေရှင်းသင့်ပါတယ်။ လော်တာရိုက အသင်းခေါင်းဆောင်အနေနဲ့ပြောတာမလို့ သူ့ဘက်ကမှန်ပါတယ်။ ဒါပေမယ့် အသင်းမှာမပါဝင်တဲ့ကစားသမားတစ်ဦးကိုပစ်မှတ်ထားပြောတာကတော့ မမှန်ပါဘူး။ ကျွန်တော့်အမြင်အရ အဲ့တာက မကောင်းပါဘူး။ ပြဿနာတွေကို မျက်နှာချင်းဆိုင်ဖြေရှင်းသင့်ပါတယ်။ အဲ့တာက တစ်ခုတည်းသောဖြေရှင်းနည်းပါ။
သူက အင်တာရဲ့ရိုဒရီဖြစ်သလို အရေးပါတဲ့ကစားသမားလို့ဆိုရမှာပါ။ သူပါဝင်တဲ့အချိန်အသင်းရဲ့စွမ်းဆောင်ရည်က တိုးတက်တယ်ဆိုတာကို မြင်နိုင်ပါတယ်။ အဲ့တာက ယေဘုယျကျသလို မလွယ်ကူပါဘူး။ သူ့နေရာမှာအစားထိုးနိုင်မယ့်ကစားသမားလည်း မရှိသေးပါဘူး”လို့ ကာပယ်လိုက ပြောကြားခဲ့ပါတယ်။ ကာဟန်နိုဂလူရဲ့အနာဂတ်က မသေချာသေးပေမယ့် ကစားသမားကိုယ်တိုင်က တူရကီလိဂ်ကိုပြောင်းဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။