ကယ်လ်ဟာနိုဂလူရဲ့နေရာ ဆက်ခံမယ့်သူအဖြစ် ကာဂလီယာရီကြယ်ပွင့် ရိုမာနိုကို ပစ်မှတ်ထားလာတဲ့ အင်တာမီလန်
အလုပ်များခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို ကျော်လွန်ပြီး ရှေ့ဆက်ဖို့ စဉ်းစားနေတဲ့ အင်တာမီလန်က ကာဂလီယာရီကွင်းလယ်လူ အလက်ဆန်ဒရိုရိုမာနိုကို အလားအလာရှိတဲ့ ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်စောင့်ကြည့်လာပါတယ်။
La Gazzetta dello Sport ရဲ့ဖော်ပြချက်အရ အင်တာမီလန်က ရိုးမားမှ ကာဂလီယာရီဆီ အငှားလာရောက်ကစားနေတဲ့ အသက် ၂၀ နှစ်အရွယ်ကစားသမားကို ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂယ်လ်ဟာနိုဂလူရဲ့နေရာအတွက် ရှေရှည်ဆက်ခံနိုင်မယ့်သူအဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။
ရိုမာနိုက အခုဘောလုံးရာသီ၊ စီးရီးအေအဖွင့်ပွဲစဉ်ငါးခုလုံးမှာ ပါဝင်ကစားပြီး ကာဂလီယာရီရဲ့ ကွင်းလယ်ပိုင်းအတွက် အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသထားပါတယ်။ သူက ကစားသမားဘ၀အတွက် ပထမဆုံးစီးရီးအေသွင်းဂိုးကို ရရှိခဲ့သလို အီတလီလက်ရွေးစင်အသင်းမှာလည်း ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာ ဒီဘရိုင်းဆီ ဘောလုံးဆုံးရှုံးပြီး ဂိုးခွင့်ပြုပေးလိုက်ရပေမဲ့ ရိုမာနိုအပေါ် အင်တာမီလန်ရဲ့စိတ်ဝင်စားမှု မလျော့ကျသွားဘူးလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အင်တာမီလန်ဘက်က ရိုမာနိုရဲ့အလားအလာအပေါ် ဆက်လက်ယုံကြည်နေပြီး အထူးသဖြင့် ဘယ်ခြေအားသန်ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သူ့ရဲ့အရည်အသွေးတွေကို သဘောကျနေလို့ ကွင်းလယ်ပိုင်းအနာဂတ်အတွက် ပြင်ဆင်ရင်း အပြောင်းအရွှေ့အတွက် အမှန်တကယ်လှုပ်ရှားလာနိုင်ပါတယ်။