
အနီကတ် ပြသခြင်းခံရပြီးနောက် နီကိုလပ်စ် ဂျက်ဆင် အတွက် ကြီးမားတဲ့ ခန့်မှန်းချက် ပြုလုပ်လိုက်တဲ့ ဖီလစ်ပီ လူးဝစ်
အန်ဇို မာရက်စ်ကာရဲ့ အသင်းက ပက်ဒရို နက်တိုရဲ့ဂိုးဖြင့် အစောပိုင်းက ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂျက်ဆင် အနီကတ်ကြောင့် ထွက်ခဲ့ရပြီး ဖလာမင်ဂို က စုစုပေါင်း သုံးဂိုး သွင်းယူခဲ့သဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဂျက်ဆင် က ဒုတိယပိုင်းတွင် လီယမ် ဒီလက်ပ် အစား လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်လာခဲ့သော်လည်း လေးမိနစ်အကြာတွင် ပြိုင်ဘက် ကစားသမား အာရ်တန် လူးကပ်စ် ကို ပြင်းထန်စွာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
ဆီနီဂေါ လက်ရွေးစင်ဟာ ချဲလ်ဆီးတွင် ကစားခဲ့တဲ့ကာလအတွင်း ဂိုးပေါက်တွင် ခြေစွမ်းမတည်ငြိမ်မှုများကြောင့် ဝေဖန်ခံခဲ့ရသော်လည်း ကစားသမားအဖြစ် စတန်းဖို့ဒ် ဘရစ်ချ် တွင် တစ်ရာသီ ကစားခဲ့ဖူးတဲ့ ဖလာမင်ဂိုနည်းပြချုပ် ဖီလစ်ပီ လူးဝစ် က တိုက်စစ်မှူးဟာ တိုးတက်လာမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဂျက်ဆင် ရဲ့ အနီကတ်နှင့် ပတ်သက်၍ မေးမြန်းသောအခါ ဖီလစ်ပီ လူးဝစ် က "ပထမဆုံးအနေနဲ့ ကျွန်တော် ချဲလ်ဆီးကို ချစ်ပါတယ် လို့ ပြောချင်ပါတယ်"
"ကျွန်တော် အဲဒီမှာ တကယ် ပျော်ရွှင်စရာ ကောင်းတဲ့ ရာသီတစ်ခုကို ကုန်ဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ် နဲ့ လိဂ်ဖလား ကို ရရှိခဲ့ပြီး သူငယ်ချင်းတွေ ရခဲ့ပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေနဲ့ တစ်ရာသီ ကစားခဲ့ရပြီး အဲဒီမှာ တကယ် ပျော်ရွှင်ခဲ့ရပါတယ်"
"ဒါကြောင့် ကလပ်က ဘယ်လောက် အထူးခြားဆုံးလဲ ကလပ်အတွင်းက ဖိအားတွေကြောင့် ကလပ်က ဘယ်လို ဖလားတွေ ရယူဖို့ လိုအပ်လဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါတွေ ဖြစ်ပျက်နေပါတယ်"
"ဒါပေမဲ့ ဂျက်ဆင် က အရမ်းကောင်းပါတယ်၊ သူက ငယ်သေးတယ်၊ ကလပ်က လိုအပ်တဲ့ အလားအလာနဲ့ အရည်အချင်းတွေ အားလုံး သူ့မှာ ရှိပါတယ်"
"သေချာပါတယ် သူက ဒီအမှားလေးကို ကျော်လွန်သွားပါလိမ့်မယ်။ ဒါက ရှင်းရှင်းလင်းလင်းပဲလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ မြင်ခဲ့ရတာ တီဗွီမှာတော့ မကြည့်ရသေးပါဘူး၊ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အနီကတ်ပါပဲ"
"ဒါပေမဲ့ ဒါက ကစားသမားကြီးတစ်ဦးအတွက် သေးငယ်တဲ့ အသေးစိတ်လေးပါပဲ၊ သူ ကမ္ဘာပေါ်မှာ အကြီးဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်လာနိုင်ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။
ဖီလစ်ပီ လူးဝစ်က မာရက်စ်ကာဟာ ပြီးခဲ့တဲ့နှစ်က ပိုချက်တီနို ရဲ့ နေရာတွင် တာဝန်ယူပြီးနောက် ချဲလ်ဆီးဟာ ဥရောပတွင် အကောင်းဆုံး နည်းစနစ်ကျတဲ့ အသင်းဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော် မာရက်စ်ကာကို ပြောခဲ့ပါတယ်။ ကျွန်တော် လေးရက်လောက် မအိပ်ခဲ့ရဘူး၊ ဒါမှမဟုတ် အရမ်းဆိုးဆိုးရွားရွား အိပ်ခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ သူ့အသင်း ကစားတာကို ကျွန်တော် ကြည့်တဲ့အခါ၊ ကျွန်တော့်အတွက်တော့ ဥရောပမှာ အပြည့်စုံဆုံး နည်းစနစ်ကျတဲ့ ကစားပုံပါပဲ"
"သူ့မှာ ကစားသမားတွေအတွက် ဖြေရှင်းနည်းတွေ အကုန်ရှိနေပြီး ကစားသမားတွေက သူ့ရဲ့ ကစားပုံစံကို တကယ်ကောင်းကောင်း နားလည်ခဲ့ကြပါတယ်"
"သူနဲ့ ကစားရတာ အရမ်းခက်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ အနိုင်က ကြီးမားပါတယ်၊ ဒါကြောင့် ကျွန်တော် တကယ် ပျော်ပါတယ်" လို့ ချဲလ်ဆီး နောက်ခံလူဟောင်းဖြစ်တဲ့ လက်ရှိ ဖလာမင်ဂိုနည်းပြချုပ် ဖီလစ်ပီ လူးဝစ်က ပြောကြားခဲ့ပါတယ်။