The network connection is lost.

Banner Image

အသုံးမဝင်တဲ့ အနီကတ်ပြစ်ဒဏ်အတွက် ဂတ်စတိုကို မာရက်စ်ကာ ပြင်းပြင်းထန်ထန်ဝေဖန်

ချဲလ်ဆီးနည်းပြမာရက်စ်ကာက ဂတ်စတိုရဲ့အသုံးမဝင်တဲ့အနီကတ်ပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမဲ့ ဒီဖြစ်ရပ်ဆီဦးတည်သွားစေတဲ့ နောက်ခံလူရဲ့စိတ်နေစိတ်ထားကိုတော့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ ရရှိခဲ့တဲ့ ဂတ်စတိုရဲ့ဒုတိယမြောက်အဝါကတ်ပြစ်ဒဏ်က ချဲလ်ဆီးကစားခဲ့တဲ့နောက်ဆုံးခြောက်ပွဲအနက် ငါးကြိမ်မြောက်အနီကတ်ပြစ်ဒဏ်ကို ဖြစ်တည်စေခဲ့ပါတယ်။ ပြင်သစ်သားက ပွဲချိန် ၈၇ မိနစ်မှာ နီကိုဝီလျံစ်ရဲ့တန်ပြန်တိုက်စစ်စတင်ဖို့ကြိုးပမ်းမှုကို တားဆီးဖို့အတွက် လျှောထိုးဖျက်ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဂတ်စတိုရဲ့ဖျက်ထုတ်မှုပုံစံက ဆိုးဆိုးရွားရွားဟန်ချက်လွဲကာ ဘောလုံးကို အနည်းငယ်သာထိပြီး ဝေးလ်နောက်ခံလူကို အပြင်းအထန်ထိခိုက်စေခဲ့ပါတယ်။ သူ့ရဲ့နည်းပြကတော့ ပွဲစဉ်ရဲ့အခုလိုအဆင့်မျိုးမှာ အသက်-၂၂ နှစ်အရွယ်ကစားသမားကိုယ်တိုင် လျှောထိုးဖြတ်ထုတ်ဖို့ကြိုးပမ်းခဲ့တဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်ခဲ့ပါဘူး။

လီဗာပူးနဲ့ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ်ထိခဲ့လို့ အခုပွဲစဉ်အတွင်း ချဲလ်ဆီးကို ကြီးကြပ်ခွင့်မရရှိတဲ့ မာရက်စ်ကာက “ကျွန်တော်တို့ ဒီဖြစ်ရပ်ကို ရှောင်လွှဲလိုက်လို့ရပါတယ်။ အမှန်ပါပဲ၊ ရှောင်လွှဲလိုက်လို့ရပါတယ်။ ဒါပေမဲ့လည်း ကစားသမားတွေရဲ့စိတ်ဆန္ဒသာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါက ဒုတိယမြောက်ပြစ်ဒဏ်ကျူးလွန်ဖို့လောက်အထိ အသုံးမဝင်ခဲ့လို့ ဂတ်စတိုလည်း ဒီပြစ်ဒဏ်ကို ရှောင်လွှဲလိုက်လို့ရပါတယ်။ ဒါပေမဲ့ ဂတ်စတိုက ဘယ်အရာကိုမှကျော်ဖြတ်ခွင့်မပေးနိုင်ဘူးဆိုတဲ့ စိတ်ဓါတ်ပိုင်းကို ပြသသွားခဲ့ပါတယ်။

ကစားသမားတွေက ချေပဂိုးတစ်ဂိုးလောက်တောင် ပြန်မပေးချင်ဘဲ Clean Sheet ရရှိဖို့အတွက် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပြစ်ဒဏ်က မျှတပေမဲ့ ကျွန်တော်တို့ ရှောင်လွှဲလို့ရနိုင်တယ်ဆိုတာ သေချာပါတယ်”လို့ ပြောပါတယ်။ ဂတ်စတိုရဲ့အနီကတ်ဖြစ်ပေါ်လာချိန် ချဲလ်ဆီးတို့ သုံးဂိုးပြတ်ဦးဆောင်ထားနိုင်လို့ ပြိုင်ဘက်အတွက် Comeback ပြုလုပ်နိုင်မယ့်အခွင့်အလမ်းကိုလမ်းဖွင့်ပေးရန် အလားအလာအတော်လေးနည်းပါးပါတယ်။

အာချီပေါင်၊ နက်တို၊ ရီစီဂျိမ်းစ်တို့ရဲ့သွင်းဂိုးတွေက စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားဆဋ္ဌမနေရာဆီ ပို့ဆောင်ပေးခဲ့ပါတယ်။