The network connection is lost.

Banner Image

ချဲလ်ဆီးနောက်ခံလူအာချီပေါင်ကို အနီးကပ်စောင့်ကြည့်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းက အခုဘောလုံးရာသီအတွက် ချဲလ်ဆီးနောက်ခံလူ ဂျော့ရှ်အာချီပေါင်ကို စောင့်ကြည့်နေပါတယ်။

ဂျာမနီသတင်းစာ BILD ရဲ့ ဖော်ပြချက်အရ အသက် ၁၉ နှစ်အရွယ် အာချီပေါင်ကို ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ကာလမှာပင် စိတ်ဝင်စားခဲ့ပြီး လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းကတော့ ညာနောက်ခံလူနေရာအတွက် ဖီယင်နုအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ဂီဗိုင်ရိုရိဒ်ကို အဓိကပစ်မှတ်ထားနေပြီး ဒီကစားသမားကို အခြားထိပ်တန်းကလပ်အသင်းတွေလည်း အလိုရှိနေကြပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအတွက် ၁၂ ပွဲပဲ ပါဝင်ကစားထားရသေးတဲ့ အာချီပေါင်ကတော့ အစားထိုးကစားသမားတစ်ဦး (သို့မဟုတ်) အရန်ရွေးချယ်မှုတစ်ခုအဖြစ် ရှိနေပါတယ်။

လက်ရှိချဲလ်ဆီးအသင်းမှာ ကစားသမားအင်အား အလုံအလောက်ရှိနေလို့ သင့်တော်တဲ့ကမ်းလှမ်းမှုတစ်ခုသာ ရရှိမယ်ဆိုရင် အာချီပေါင်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

အာချီပေါင်ရဲ့လန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၉ ခုနှစ်အထိ ရှိနေပါတယ်။