The network connection is lost.

Banner Image

ကိုးလ်ပယ်လ်မာကို ချီးကျူးစကားဆိုလိုက်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဘော့စနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကိုးလ်ပယ်လ်မာရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ ပယ်လ်မာဟာ အဆိုပါပွဲမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီး အင်္ဂလန်က ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်သားအတွက် အခုသွင်းဂိုးက ၃ ပွဲအတွင်း ပထမဆုံးသွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။ 
 
 
ပယ်လ်မာရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကိန်းက “တကယ့်ကို မယုံကြည်နိုင်တဲ့ရာသီပါ။ အသင်းတော်တော်များများကိုပြောင်းရွှေ့ရတာက ဘယ်တုန်းကမှမလွယ်ကူခဲ့ပါဘူး။ သူ့ရဲ့ပထမဆုံးရာသီမှာ လုပ်ပြခဲ့တာတွေက ချီးကျူးရမှာပါ။ အသင်းမှာ သူလုပ်ပြခဲ့တာတွေကလည်း တကယ်ကောင်းပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော်အရမ်းပျော်ပါတယ်။ ဒီနေ့မှာ သူဂိုးရလိုက်လို့လည်း ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေါ့။ ကျွန်တော်တို့ကစားသမားတွေအပြင် အရေးပါတဲ့ဂိုးတွေလည်း လိုအပ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ရက်သတ္တပတ်အကြာကြီးကန်ရမှာပါ”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။
 
ပယ်လ်မာဟာ မန်စီးတီးမှာ အဆင့်ဆင့်ဖြတ်သန်းခဲ့တာဖြစ်ပြီး ချဲလ်ဆီးကို မပြောင်းခင် ဂွါဒီယိုလာရဲ့အသင်းမှာ ခြေစွမ်းကောင်းတစ်ချို့ပြသနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အသင်းမှာတော့ ပိုချက်တီနိုလက်အောက်မှာ လိဂ်ပွဲ ၃၅ ပွဲအတွင်း ၂၂ ဂိုးသွင်း ၊ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
 
ပယ်လ်မာဟာ အင်္ဂလန်အသင်းမှာတော့ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရနိုင်ပေမယ့် ခြေစွမ်းကောင်းတွေသာ ဆက်တိုက်ပြသနိုင်ခဲ့ရင် ယူရိုမှာ ဆောက်ဂိတ်ရဲ့ဦးစားပေးကစားသမားဖြစ်လာနိုင်ပါတယ်။