The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့တရားဝင်ကြေညာမှုအပြီး အမ်ဘာပေရဲ့ အခြေအနေကို ထုတ်ပြောလာတဲ့ ဒက်စ်ချမ့်စ်

ပြင်သစ်လက်ရွေးစင် အသင်းနည်းပြ ဒက်စ်ချမ့်စ်က အမ်ဘာပေမှာ ကောင်းမွန်တဲ့အားကစားစိတ်ဓါတ်ကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောလိုက်ပါတယ်။ ပြင်သစ်လက်ရွေးစင် အသင်းနဲ့အတူ အမ်ဘာပေရှိနေစဉ်မှာပဲ အခုလကုန်မှာ ရီးရဲလ်မက်ဒရစ်ဆီ သူရောက်ရှိလာလိမ့်မယ်လို့ စပိန်အင်အားကြီးကလပ်အသင်းဘက်မှ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ဒက်စ်ချမ့်စ်က “ ပုံမှန်အတိုင်းပဲ အမ်ဘာပေ ရှိနေပါတယ်။အမှန်အတိုင်းပြောရရင်တော့ အသင်းမှာ ဒါက သတင်းကောင်းပါပဲ၊ ဒီသတင်းတွေက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို ပြောင်းလဲစေပါတယ်။ ဒါပေမယ့် မီဒီယာတွေ ပြောနေကြတဲ့အရာတွေကိုလည်း ကျွန်တော် နားလည်ပေးနိုင်ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒက်စ်ချမ့်စ်ဆီ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ချူအာမန်နီနဲ့ အယ်လ်အစ်တီဟတ်ရဲ့ ကန်တေတို့အကြောင်း ဆက်လက်မေးမြန်းခဲ့ကြပါတယ်။ “ပထမဆုံးအနေနဲ့ သူတို့နှစ်ဦးအနက် တစ်ဦးက အရပ်အတော်ရှည်ပါတယ်(ရယ်လျက်)။ သူတို့နှစ်ဦးလုံးက ကွင်းလယ်ကစားသမားတွေဖြစ်ပြီး သူတို့ရဲ့အားနည်းချက်အကြောင်း ကျွန်တော် တွေးကြည့်လို့တောင် မရပါဘူး။ ကျွန်တော်တို့မှာ ကွင်းလယ်ကစားသမားခုနစ်ဦးအထိ ရှိပါတယ်။ ဒါတောင် ဂရစ်ဇ်မန်းက ကွင်းလယ်တိုက်စစ်ပိုင်းမှာ ကစားနိုင်စွမ်းရှိပါတယ်။ ဒီကွင်းလယ်စုဖွဲ့မှုက အလွန်လိုက်ဖက်ညီလှပါတယ်။ ကန်တေက ဘောလုံးဖျက်ထုတ်မှုကောင်းမွန်သလို ချူအာမန်နီမှာလည်း ဘောလုံးပေးပို့မှုကောင်းမွန်တဲ့ စွမ်းရည်ရှိပါတယ်။ ချူအာမန်နီက ခေါင်းတိုက်ပိုကောင်းတယ်လို့လည်း ကျွန်တော် ယူဆမိပါတယ်။ သူတို့နှစ်ဦးတွဲဖက်ကစားနိုင်စွမ်း ရှိပါတယ်”လို့ ဒက်စ်ချမ့်စ်က ရှင်းပြပါတယ်။