The network connection is lost.

Banner Image

ယူနိုက်တက် ဂန္တဝင် ရှမိုက်ကယ်ကို အံ့အားသင့်စေခဲ့တဲ့ ဒေးဗစ်ရာယာ

စပိန်နိုင်ငံသား ဂိုးသမားဟာ တနင်္ဂနွေနေ့မှာ အိုးထရက်ဖို့ဒ်ကနေ သရေရလဒ်နဲ့ ပြန်လာနိုင်ဖို့ သူ့ရဲ့ထူးခြားတဲ့ ကာကွယ်မှုတွေနဲ့ ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ အဖွင့်ဂိုးမှာ ရာယာရဲ့ နေရာယူမှုက မေးခွန်းထုတ်ခံခဲ့ရပေမယ့် နာကျင်အချိန်ပိုမှာ ယူနိုက်တက် အသင်းခေါင်းဆောင်ကို အနိုင်ဂိုး မသွင်းနိုင်အောင် အံ့သြဖွယ် ၂ ကြိမ် ကာကွယ်မှု လုပ်ပြနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ကြယ်ပွင့်ဟောင်းဟာ မာဇာရာဝီရဲ့ ဂိုးဝင်သွားစေမယ့် ကန်ချက်ကို ခြေထောက် ဆန့်ထုတ်ပြီး ကာကွယ်ခဲ့သလို ဇက်ဇီရဲ့ လှပတဲ့ လှည့်ကွက်ကြောင့် ယူနိုက်တက်တို့ ၂-၀ ဂိုးဖြစ်သွားမှာကို ကောင်းကောင်ကြီးတားဆီးနိုင်ခဲ့ပါတယ်။ ပွဲပြီးနောက် သူ့ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ Premier League Productions က မေးမြန်းခဲ့တဲ့အခါ ရာယာက "ခံစစ်ပိုင်းမှာတော့ ဟုတ်ပါတယ် တိုက်စစ်မှာတော့ ကျွန်တော် နည်းနည်း ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်" လို့ ပြောခဲ့ပါတယ်။

ရှမိုက်ကယ်က ဒီတုံ့ပြန်မှုကို လက်မခံနိုင်ဘဲ အခုလို ပြောခဲ့ပါတယ်။ "ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူး ဒီနေ့ မင်းက မယုံနိုင်စရာ ကာကွယ်မှု ၃ ကြိမ် လုပ်ခဲ့ပါတယ်။ တကယ်ကို အခြေအနေ ၃ ခုကို ကယ်တင်ခဲ့တာပါ။ နောက်ဆုံးတစ်ကြိမ်က နောက်ဆုံး မိနစ်မှာ ဖြစ်ခဲ့တာ မယုံနိုင်စရာပါပဲ"

"ကျွန်တော် ဒီမှာ အတော်လေး စိတ်ဝင်စားမိပါတယ် ဘာလို့လဲဆိုတော့ မင်းရဲ့ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည် ထုတ်ပြခဲ့တယ်လို့ ထင်ပါတယ်။ မင်းအနေနဲ့ မင်းအသင်းကို ရမှတ် ၁ မှတ် ယူပေးခဲ့ပါတယ်" "တိုက်စစ်မှာ မကောင်းခဲ့ဘူးလို့ ပြောတာကို ကျွန်တော် စိတ်ဝင်စားပါတယ် အဲဒါက ဘာကို ဆိုလိုတာလဲ" လို့ ပြောလိုက်ပါတယ်။

ရာယာက သူ့ရဲ့ သွက်လက်တဲ့ စွမ်းရည်အတွက် ချီးကျူးမှုကို ဝမ်းမြောက်စွာ လက်ခံခဲ့ပေမယ့် အထူးသဖြင့် ဒုတိယပိုင်းမှာ သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှုကြောင့် အသင်းဖော်တချို့ကို ဒုက္ခရောက်စေခဲ့တာကို စိတ်မကောင်းဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ရာယာက "ကျွန်တော် ကိုယ့်ကိုယ်ကို ပေးထားတဲ့ စံနှုန်းတွေနဲ့ အသင်းနဲ့အတူ ဒုတိယပိုင်းမှာ တစ်ခါတလေ ဆုံးဖြတ်ချက် ချမှတ်မှုမှာ ပိုကောင်းခဲ့သင့်ပါတယ်"

"တစ်ခါတလေ ယူနိုက်တက်က အရမ်းကောင်းကောင်းနဲ့ ပြင်းပြင်းထန်ထန် တစ်ယောက်ချင်း ဖိအားပေးပါတယ်။ ဒါက ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ တောင်းဆိုမှုတွေက အဲဒီထက် ပိုမြင့်ပါတယ်။ အသင်းအတွက် အကောင်းဆုံး လုပ်ချင်ပါတယ်" "ကျွန်တော် အန္တရာယ်များတဲ့ ပေးပို့မှု အနည်းငယ် လုပ်ခဲ့တာကို သိပါတယ်။ ဆာလီဘာကို နည်းနည်း ဒုက္ခပေးခဲ့ပါတယ် ဒါက ကျွန်တော့်ရဲ့ စံနှုန်းတွေပါ" လို့ ပြောပါတယ်။

ရာယာရဲ့ နည်းပြအာတီတာကလည်း ချန်ပီယံဆု ပြိုင်ပွဲ ပြီးသွားပြီလားဆိုတာကို မပြောချင်ပေမယ့် ၂ မှတ် လျော့သွားတာကို စိတ်ပျက်ခဲ့ပါတယ်။ သူ့အသင်းက လီဗာပူးကို လိုက်မှီဖို့ အခွင့်အရေးနဲ့ ပတ်သက်ပြီး မေးမြန်းခံရတဲ့အခါ အာတီတာက "အဲဒါကို ပြောချင်တာ မဟုတ်ပါဘူး ဒါပေမယ့် ဒီနေ့ စိတ်ပျက်စရာက ကျွန်တော်တို့ ပွဲကို အနိုင်မရခဲ့တာပါပဲ။ကျွန်တော်တို့ အရေးတကြီး လိုအပ်တာကို သိပါတယ်။ အဲဒါကို လုပ်ဖို့ အခွင့်အရေး ရချင်ရင် ပွဲတိုင်းကို အနိုင်ရရပါမယ်။ အခု ဒါကို ပြောဖို့ မှန်ကန်တဲ့ အချိန် မဟုတ်ဘူးလို့ ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

သူ့အသင်းရဲ့ လက်ရှိ ပုံစံနဲ့ ပတ်သက်ပြီး နည်းပြက "ဒီနေ့ နောက်ဆုံး ၂၀ မီတာမှာ ကျွန်တော်တို့ရဲ့ ထိရောက်မှု မလုံလောက်ခဲ့ပါဘူး အဲဒါကို ကျွန်တော်တို့ သိပါတယ်" "အိုးထရက်ဖို့ဒ်ကို ရောက်လာတဲ့အခါ ပွဲက တောင်းဆိုတဲ့ အရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့တာက အံ့သြစရာပဲ။ ဒါပေမယ့် နောက်ဆုံးမှာ အသင်းက လွှမ်းမိုးပြီးပြိုင်ဘက်ထက် အများကြီး သာလွန်နေတဲ့အခါ အဲဒါကို အသုံးချရပါမယ်၊ ဒီနေ့ ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး"

"ပြီးတော့ ရလဒ်ကို ပြန်ကြည့်ရမယ် ဒီနေရာမှာ လုပ်ရတာ အရမ်းခက်ခဲတယ်ဆိုတာ သိပါတယ်။ အနည်းငယ်လောက် ပိုပြီး ကိုယ့်ကိုယ်ကို ထုတ်ဖော်ရပါမယ် ဘာလို့လဲဆိုတော့ စွန့်စားမှုပိုလုပ်ရပါမယ်။ ပြီးတော့ နောက်ဆုံး မိနစ်အနည်းငယ်မှာ ပွဲက သူတို့ဘက်ကို ပါသွားနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။