The network connection is lost.

Banner Image

တိုက်စစ်မှာတွဲကစားဖူးသမျှထဲ အကောင်းဆုံးအသင်းဖော်ကို ရွေးချယ်လိုက်တဲ့ ဝဲလ်ဘတ်

ဘရိုက်တန်အသင်းတိုက်စစ်မှူး ဝဲလ်ဘတ်က တိုက်စစ်မှာတွဲကစားခဲ့ဖူးသမျှထဲ အကောင်းဆုံးအသင်းဖော်အဖြစ် ရော်နယ်ဒိုကို ချန်လှပ်ကာ အာဆင်နယ်အသင်းဖော်ဟောင်းကို ရွေးချယ်လိုက်ပါတယ်။ ဝဲလ်ဘတ်ဟာ ကစားသမားဘဝအစ ယူနိုက်တက်မှာ ရော်နယ်ဒိုလိုကစားသမားမျိုးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ရော်နယ်ဒိုက ရီးရဲလ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး ဝဲလ်ဘတ်က အာဆင်နယ်ထံ ၂၀၁၄ မှာပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၃၄ နှစ်သားဟာ ၁၇ နှစ်တာကာလအတွင်း ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေနဲ့တွဲဖက်ကစားခဲ့ရတာဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ အင်္ဂလန်သားဟောင်းက “အမှန်တကယ်တော့ ကျွန်တော် ပထမဆုံးအကြိမ်အဝတ်လဲခန်းရှိနေချိန်မှာ ကျွန်တော့်ဘေးမှာ ရော်နယ်ဒို ၊ ရိုင်ယန်ဂစ်တို့ရှိနေပါတယ်။ အဲ့တုန်းက ကျွန်တော်အသက် ၁၇ နှစ်ပဲရှိသေးတာဖြစ်ပြီး သူတို့ဘေးမှာ ထိုင်ခဲ့ရပါတယ်။ ရော်နယ်ဒိုကိုမြင်ရတာ တကယ့်ကိုအံ့ဖွယ်ပါ။ ခင်ဗျား သူလေ့ကျင့်ရေးကွင်းကို အစောကြီးလာပြီး နောက်ကျမှပြန်တာကို မြင်နိုင်ပါတယ်။

ကျွန်တော် သူနဲ့ပွဲတော်တော်များများ မကစားခဲ့ရပါဘူး။ ဒါပေမယ့် ကျွန်တော် သူနဲ့တွဲဖက်လေ့ကျင့်ခွင့်ရခဲ့ပါတယ်။ အဲ့တာက တကယ့်ကိုထူးရှယ်ပါ။ ဘာဘာတော့ဗ်မှာလည်း တကယ့်ထူးရှယ်အရည်အချင်းရှိပါတယ်။ သူ့အနေနဲ့ ထိုက်တန်တဲ့အသိအမှတ်ပြုမှုတော့ မရခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူက တိတ်တဆိတ်ယုံကြည်မှုရှိသလို သူဘယ်လောက်ကောင်းလဲဆိုတာလည်း သိပါတယ်။ ကျွန်တော် တွဲကစားဖူးသမျှထဲမှာ ဂျီရော့ဒ်က တကယ်ကောင်းပါတယ်။ သူနဲ့တွဲကစားရတာကို ချစ်ပါတယ်။

နောက်တစ်ကြိမ်ထပ်ပြောရရင် သူကလည်း အသိအမှတ်ပြုမခံရတဲ့ကစားသမားပါ။ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သလို သူ့မှာအရည်အချင်းကောင်းတွေရှိနေပါတယ်။ သူနဲ့အတူ တွဲဖက်ကစားရတာ တော်တော်လေးအဆင်ပြေပါတယ်။  ကျွန်တော် ဆန်းချက်ဇ်ကိုလည်းရွေးချယ်ချင်ပါတယ်။ ကျွန်တော် သူနဲ့ပွဲတော်တော်များများတွဲဖက်ကစားခဲ့ရပါတယ်။ သူနဲ့ကောင်းမွန်တဲ့အချိတ်အဆက်ရှိခဲ့ပါတယ်။ သူက နေရာလွတ်ကို ရှာဖွေနိုင်သလို ကျွန်တော် ဘယ်မှာရှိမလဲဆိုတာလည်း သိပါတယ်။ သူနဲ့ ကျွန်တော့်ကြားမှာ ကောင်းမွန်တဲ့ချိတ်ဆက်မှုရှိခဲ့ပါတယ်”လို့ ဝဲလ်ဘတ်က ပြောကြားခဲ့ပါတယ်။ ဘရိုက်တန်ဟာ လာမယ့်စနေနေ့မှာ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဝဲလ်ဘတ်တစ်ယောက် ပါဝင်လာဖွယ်ရှိနေပါတယ်။