The network connection is lost.

Banner Image

ဟားလ်စီးတီးကွင်းမှာ ပွဲချိန်နှောင်းပိုင်းဂိုးတွေနဲ့အတူ အရေးနိမ့်ပြီးနောက် ဘရိုက်တန်နည်းပြဟာဇလာ စိတ်ပျက်ဒေါသထွက်

ဟားလ်စီးတီးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး ဘရိုက်တန်နည်းပြ ဟာဇလာက စိတ်ပျက်ဒေါသထွက်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂိုးသွင်းခွင့် အများအပြားဖန်တီးနိုင်ခဲ့ပေမဲ့လည်း MKM အားကစားကွင်းမှာ မက်ဘာနီရဲ့ ပွဲချိန်နှောင်းပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့အတူ ဘရိုက်တန်တို့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ဟာဇလာက ရလဒ်အပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပေမဲ့ ဒီပွဲမှတဆင့် အပြုသဘောဆောင် သင်ခန်းစာယူစရာတွေ ရှိခဲ့တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

မီဒီယာတွေဆီ သူက "ဒါ သေချာပေါက် စိတ်ပျက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ တခါတလေကျရင် ဒါလည်း ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ တခါတလေ နိုင်တယ်၊ တခါတလေ ရှုံးတယ်၊ ဒါကို အကောင်းဆုံးသင်ခန်းစာယူနိုင်ဖို့ ကြိုးစားရပါမယ်" လို့ ပြောပါတယ်။

"ဒါကို သုံးသပ်ရပါမယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကျွန်တော်တို့က လုပ်ငန်းစဉ်တစ်ခုထဲမှာပဲ ရှိနေပါသေးတယ်။ အရာအားလုံး ပြီးပြည့်စုံမနေဘူးဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားပါမယ်"

"အထူးသဖြင့် နောက်ဆုံးမိနစ် ၂၀ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ကျွန်တော် မကြိုက်ပါဘူး။ ဘာကြောင့် ဒါမျိုး ဖြစ်သွားသလဲဆိုတာ သေချာပေါက်သုံးသပ်ဖို့ လိုအပ်ပြီး လာမယ့်ကြာသပတေးနေ့မှာတော့ ကျွန်တော်တို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရရှိလာပါလိမ့်မယ်"

"ပရီးမီးယားလိဂ်မှာ အမြဲတမ်းနိုင်ပွဲရမယ်လို့ မျှော်လင့်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်" လို့ ဆိုပါတယ်။