The network connection is lost.

Banner Image

ဆန်းဒါးလန်းနဲ့ပွဲစဉ်အပြီး အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို အပေါင်းလက္ခဏာဆောင်သောမှတ်ချက်ပေးလာတဲ့ ကာတစ်ဂျုံးစ်

ဒီနေ့မနက်ပိုင်း၊ အန်ဖီးလ်ကွင်းမှာ ဆန်းဒါးလန်းနဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း တိုးတက်မှုလက္ခဏာတွေကို လီဗာပူးအသင်း ပြသနိုင်ခဲ့တယ်လို့ ကာတစ်ဂျုံးစ် ယုံကြည်နေပါတယ်။ စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့အမြင်မျိုး ရှိသလားဆိုတဲ့ မေးခွန်းကို အင်္ဂလန်ကစားသမားက “ ကျွန်တော်ကတော့ yes လို့ပဲ ထင်ပါတယ်။ ဒီအချက်က အသင်းနဲ့ ဝန်ထမ်းတွေအတွက်လည်း အဓိကကျပါတယ်။ ပိုပြီးပြင်းပြတဲ့စိတ်အားထက်သန်မှုမျိုးပြသဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့ပြီး ဒါကိုလည်း ပြသနိုင်ခဲ့ပါတယ်။

အဆုံးသတ်ချိန်အထိ ပြင်းပြတဲ့စိတ်အားထက်သန်မှုမျိုး ပြသနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့သလို ကွာဟချက်တွေလည်း ပိုမိုဖန်တီးနိုင်ခဲ့ပါတယ်။ အသာစီးရယူကစားနိုင်ပေမယ့် စိတ်တိုင်းကျမဖြစ်လာတဲ့ ပွဲစဉ်တစ်ခုကို ထပ်မံကြုံတွေ့ခဲ့ပါတယ်”လို့ ပြောပါတယ်။

ပွဲချိန်နောက်ဆုံး ၁၅ မိနစ်အတွင်း လီဗာပူးက တိုက်ပွဲဝင်စိတ်ဓါတ်ပိုင်း ပြသခဲ့ပေမယ့် အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အန်ဖီးလ်ကွင်းနောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။