
ဘာစီလိုနာကနေ ထွက်ခွာဖွယ်ရှိနေတဲ့ တာစတီဂန်
ဘာစီလိုနာ အသင်းခေါင်းဆောင် မက်အန်ဒရီတာစတီဂန်ဟာ မကြာသေးမီက တူရကီသို့ ပြောင်းရွှေ့ရန် နီးစပ်နေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စပိန် ဘက်မှ သတင်းများအရ ဂျာမနီနံပါတ်တစ် ဂိုးသမားက ပြောင်းရွှေ့ရန် နီးစပ်ခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။ အက်စပန်ညို အတွက် ကောင်းမွန်တဲ့ ရာသီတစ်ခု ကစားခဲ့ပြီးနောက် ဘာစီလိုနာက ဂျိုအန် ဂါစီယာ ရဲ့ လျော်ကြေးကို ပေးကာခေါ်ယူခဲ့သဖြင့် အသက် ၃၃ နှစ်အရွယ် ဂိုးသမားက ခက်ခဲတဲ့ အနေအထားသို့ ရောက်ရှိနေပါတယ်။
တာစတီဂန်ဟာ ဘာစီလိုနာအပေါ် ဒေါသထွက်နေကြောင်း သတင်းများက ဖော်ပြထားပါတယ်။ ဘာစီလိုနာက ဂါစီယာကို ခေါ်ယူရန်အတွက် နံပါတ်တစ် နေရာကို ကမ်းလှမ်းခဲ့တယ်လို့ ယူဆရပါတယ်။ အခြားတစ်ဖက်တွင်မူ ဘာစီလိုနာက လာမယ့်ရာသီတွင် ကလပ်အတွက် သူ့ရဲ့ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး စကားပြောထားဆိုခြင်း မရှိသေးပေ။ ဒဏ်ရာများနှင့် ပြည့်နှက်ခဲ့တဲ့ တစ်နှစ်တာကာလအပြီးတွင် တာစတီဂန်ဟာ လာမယ့်နှစ်တွင် အရန်ဂိုးသမားအဖြစ် ပြန်လာမယ်လို့ အများစုက မျှော်လင့်ထားသည့်အတိုင်း ရာသီ ကုန်ဆုံးခဲ့ပါတယ်။
တနင်္ဂနွေနေ့တွင် တူရကီက ဂါလာတာဆာရေး ရဲ့ စိတ်ဝင်စားမှု တိုးတက်လာကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး တူရကီ အင်အားကြီးအသင်းဟာ ဂျာမနီ နံပါတ်တစ် ဂိုးသမားနှင့် တစ်နှစ်လျှင် ယူရို ၅ သန်း တန်ကြေးရှိတဲ့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ Sport သတင်းစာက တာစတီဂန်ရဲ့ အေးဂျင့်အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးဟာ ကမ်းလှမ်းမှုကို နားထောင်ရန် အစ္စတန်ဘူလ် သို့ ခရီးသွားခဲ့သော်လည်း အဆိုပါကမ်းလှမ်းမှုက တာစတီဂန်ကို မဆွဲဆောင်နိုင်ခဲ့ဘဲ နောက်ပိုင်းတွင် ပယ်ချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
MD ကလည်း အလားတူ အတည်ပြုခဲ့ပြီး ဂါလာတာစာရေးဟာ တာစတီဂန်ကို ဆွဲဆောင်နိုင်ပါက အပြောင်းအရွှေ့ကြေး ပေးဆောင်ရန် ဆုံးဖြတ်ထားခြင်း မရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ထိုအတောအတွင်း Marca သတင်းစာက ပိုမိုပြတ်သားစွာ ပြောကြားခဲ့ပြီး ဂိုးသမားဟာ ဘာစီလိုနာမှ ထွက်ခွာရန် အစီအစဉ်မရှိသေးဘဲ ဂါစီယာနှင့် နံပါတ်တစ် နေရာအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ သတင်းအချက်အလက်များအရ တာစတီဂန်ဟာ ကမ်းလှမ်းမှုများကို နားထောင်ခြင်း မရှိသလို မီဒီယာများတွင် ဘာစီလိုနာ နှင့်အတူ ကစားသမား အပြောင်းအရွှေ့ သတင်းပေါက်ကြားမှု လက်ခံမှာ မဟုတ်ပါဘူး။
ဘာစီလိုနာက ဂါစီယာကို ခေါ်ယူရန် ဆုံးဖြတ်ပြီး တာစတီဂန်ကို ဆက်လက်မထားရန် ဆုံးဖြတ်ပြီးနောက် သူ့ရဲ့နှစ်စဉ်လစာက တစ်ရာသီလျှင် ယူရို ၁၀ သန်းခန့် ရှိကြောင်း သတင်းများက ထွက်ပေါ်လာခြင်းမှာ ထင်ရှားပပါတယ်။ ထို့အပြင် ကစားသမားရဲ့ စိတ်နေသဘောထားနှင့် ပတ်သက်၍လည်း အဝတ်လဲခန်းအတွင်း မေးခွန်းများ ထုတ်ခဲ့ကြပါတယ်။