
ပေါင်သန်း ၆၀ တန် အပြောင်းအရွှေ့ပစ်မှတ်က ယုံကြည်၍ မရနိုင်ဘူးလို့ သတိပေးခြင်းခံလိုက်ရတဲ့ ချဲလ်ဆီး
ဂါနာချိုရဲ့ အိုးလ်ထရက်ဖို့ဒ်ရှိ အနာဂတ်မှာ လုံးဝမရေမရာ ဖြစ်နေပုံရနေပြီး နည်းပြ အမ်မိုရင်က အသက် ၂၀ နှစ်အရွယ် တိုက်စစ်မှူးကို ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် အသင်းသစ် ရှာဖွေနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းများက ဆိုထားပါတယ်။ အာဂျင်တီးနားလက်ရွေးစင် ကစားသမားဟာ ယူရိုပါလိဂ် ဖိုင်နယ်တွင် ယူနိုက်တက်ရဲ့ ပွဲထွက် ၁၁ ဦးစာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက် မကျေမနပ်ဖြစ်ခဲ့ပါတယ်။
သရဲနီတွေက ချေပဂိုးရရှိရန် အချည်းနှီး ကြိုးစားနေချိန်တွင် ဂါနာချိုက မိနစ် ၂၀ သာ ကစားခွင့်ရခဲ့ပြီး ပြောင်းလဲမှု ဖန်တီးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ထိုလူငယ်ကစားသမားဟာ ပွဲပြီးဆုံးပြီးနောက် သူ့ရဲ့ ခံစားချက်များကို ထင်ရှားစွာ ပြောကြားခဲ့ပါတယ်။
"ဖိုင်နယ်ပွဲအထိ ကျွန်တော် အသင်းကို ကူညီပြီး ပွဲတိုင်း ကစားခဲ့ရတာပါ။ ဒီနေ့ကျမှ ၂၀ မိနစ် ကစားရတယ်။ ကျွန်တော် မသိတောပါဘူး" "ဖိုင်နယ်ပွဲက ကျွန်တော့် ဆုံးဖြတ်ချက်ကို သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒါပေမယ့် ရာသီတစ်ခုလုံး၊ ကလပ်ရဲ့ အခြေအနေပေါ့ဗျာ" လို့ ဒေါသထွက်နေတဲ့ ဂါနာချိုက ပြောကြားခဲ့ပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်ရဲ့ ပထမအသင်းနှင့်အတူ အသင်းရဲ့ ရာသီကုန် အာရှခရီးစဉ်သို့ လိုက်ပါသွားခဲ့ပြီး လာမည့်ရက်များအတွင်း အာဆီယံ All Star အသင်း၊ ဟောင်ကောင်တို့နှင့်ပွဲတွင် ပါဝင်ကစားခွင့် ရရှိနိုင်ဖွယ်ရှိနေပါတယ်။သို့သော်လည်း ယူနိုက်တက်ဟာ ဂါနာချိုကို ရောင်းချရန် အသင့်ရှိနေပြီး တိုက်စစ်မှူးအပေါ် ပေါင် သန်း ၆၀ တန်ကြေး သတ်မှတ်ထားပါတယ်။ ချဲလ်ဆီးနှင့် နာပိုလီတို့ကလည်း အခြေအနေများကို စောင့်ကြည့်နေတယ်လို့ ထင်ရပါတယ်။
ချဲလ်ဆီးက ဂါနာချိုအပေါ် အချိန်အတော်ကြာ စိတ်ဝင်စားမှု ပြင်းပြနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အကုန်ပိုင်းတွင် ဂါနာချိုကို စတမ်းဖို့ဒ်ဘရစ်ချ်သို့ ခေါ်ယူရန် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်း ချဲလ်ဆီးနှင့် အင်္ဂလန် တိုက်စစ်မှူးဟောင်း ကိုးလ်က ဂါနာချိုရဲ့ မကြာသေးမီက ပြောဆိုချက်များဟာ ယခုနွေရာသီတွင် အန်ဇိုမာရက်စ်ကာ နှင့် အခြား ဖြစ်နိုင်ဖွယ် ကလပ်များအတွက် သတိပေးချက် ဖြစ်သင့်တယ်လို့ ယုံကြည်နေပါတယ်။
"သူက သူ့ကိုယ်သူ အကြံပေးနေတာ ထင်ပါတယ်။ သူ အမှားတွေကနေ သင်ယူရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ ပြောနေတာတွေက အရမ်းများပြီး အရမ်းအသေးစိတ်နေလို့ပါ" လို့ ကိုးလ်က The Dressing Room Podcast တွင် ပြောကြားခဲ့ပါတယ်။
"ကျွန်တော် ဒီအခြေအနေကို ကြည့်ပြီး သူ့ရဲ့ အကြံပေးတွေကြောင့်လို့ ထင်ပါတယ်။ သူ့မှာ မှန်ကန်တဲ့ အကြံဉာဏ်တွေ ရနေခဲ့ရင် သူ ပါးစပ်ပိတ်နေလိမ့်မယ်" "နားထောင်ပါ။ အဲဒါ ခင်ဗျားနဲ့ အသင်းအကြား ကိစ္စပါ။ ခင်ဗျားရဲ့ အမှားတွေကို အပြင်မှာ ထုတ်ဖော် မပြောပါနဲ့"
"ကြေညာချက် ထုတ်မလာပါနဲ့။ အခု ကျွန်တော် ခင်ဗျားကို ဝယ်ဖို့ ကြိုးစားနေပြီး ခင်ဗျား သတင်းမီဒီယာမှာ ဘယ်လောက် အသံထွက်လဲဆိုတာကို ကျွန်တော် ကြည့်နေတယ်။ ခင်ဗျားကို ကျွန်တော် ယုံကြည်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျား လုပ်နေတဲ့ အရာတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိပါတယ်" လို့ ၎င်းက ပြောပါတယ်။
"ပါးစပ်ပိတ်ထားပါ။ ကျွန်တော် ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခု ပြောတဲ့အခါ ဒီအခန်းထဲမှာပဲ ရှိနေမယ်ဆိုတာ ကျွန်တော် သိချင်ပါတယ်။ ကျွန်တော့်ရဲ့ အမှားတွေကို လူသိရှင်ကြား ဖြစ်စေချင်တာ မဟုတ်ပါဘူး" "ခင်ဗျား ကျွန်တော့်နဲ့ ပြဿနာရှိရင် လာပြီး ပြောပါ။ တွစ်တာ မှာမရေးပါနဲ့ အင်စတာဂရမ်မှာ အရေးပါနဲ့။ အဲဒါက အသင်းအတွက် မဟုတ်ဘဲ ခင်ဗျားအတွက် ဖြစ်သွားပါလိမ့်မယ်"
"ပါးစပ်ပိတ်ထား၊ အသင်းဖော်တစ်ဦး လိုနေပါ ဒါဆို ခင်ဗျား ရှေ့ဆက်နိုင်ပါလိမ့်မယ်။ ဒီလို ကိစ္စတွေက ပြီးသွားပါလိမ့်မယ်" လို့ ကိုးလ်က ပြောကြားခဲ့ပါတယ်။ချဲလ်ဆီး တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် က ကိုးလ်ရဲ့ မှတ်ချက်များကို ထောက်ခံခဲ့ပြီး နောင်တွင် သတင်းမီဒီယာများကို မှတ်ချက်ပေးရာ၌ ဂါနာချိုကို ပိုမို စမတ်ကျစေရန် တိုက်တွန်းခဲ့ပါတယ်။
"အဲဒီလို လူငယ် ကစားသမားတစ်ဦးက နည်းနည်း စမတ်ကျဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျား ဖလားဖိုင်နယ်ပွဲ ရှုံးခဲ့တာပဲ အဲဒါမျိုး လုပ်စရာ မလိုပါဘူး" လို့ ပရီးမီးယားလိဂ် ၃ကြိမ်ရ ကစားသမာဟောင်းက ပြောကြားခဲ့ပါတယ်။ "သူ့ရဲ့ အကြံပေးတွေ... အရမ်း ဆိုးရွားတဲ့၊ လူငယ်တစ်ယောက်အတွက် အရမ်း ဆိုးရွားတဲ့ အကြံဉာဏ်ပါပဲ"
"ကျွန်တော် လူငယ်ကစားသမားတွေကို အကြံပေးချင်တာက ပွဲဆိုးဆိုးရွားရွား ရှုံးပြီး သတင်းသမားတွေကြားကနေ ဖြတ်လျှောက်တဲ့အခါ အဲဒါက ခင်ဗျား အချစ်ဆုံးသူနဲ့ စကားများပြီးနောက် ခံစားရသလိုမျိုး ဖြစ်နေရပါမယ်" "ခင်ဗျား ဒေါသထွက်နေပြီး နည်းနည်းပဲ ပြောပါ။ ခင်ဗျား ဘာပြောပြော မှန်ကန်တော့မှာ မဟုတ်ဘူး။ ဘယ်တော့မှ အချက်အလက် မမှန်နိုင်တော့ဘူး။ ဒါကြောင့် ပါးစပ်ပိတ်ပြီး တည့်တည့်လျှောက်သွားပါ။ ဘာမှ မပြောပါနဲ့"
"သူ သူ့ရဲ့ အခြေအနေကို ဒေါသထွက်နေတာ ရှင်းပါတယ်။ သူ သူ့ကိုယ်သူ သတ်သေသွားပြီလို့ ကျွန်တော် ထင်ပါတယ်" လို့ ဂျိုး ကိုးလ်က ပြောကြားခဲ့ပါတယ်။