The network connection is lost.

Banner Image

ချဲလ်ဆီးကိုကျော်ဖြတ်ပြီး ဇာဗီဆိုင်မွန်ကိုခေါ်ယူနိုင်တော့မယ့် တော့တင်ဟမ်

ချဲလ်ဆီးဟာ လိုက်ပ်ဇစ်ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်ကိုခေါ်ယူနိုင်ဖို့ အခြေအနေကောင်းခဲ့ပေမယ့် အသင်းရဲ့ကစားသမားတွေကို ရောင်းချနိုင်ခြင်းမရှိတာကြောင့် ကမ်းလှမ်းမှုပြုလုပ်ဖို့ အခက်ကြုံနေရတယ်လို့သိရပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ တော့တင်ဟမ်ဟာ အပြောင်းအရွှေ့ထဲဝင်ရောက်လာခဲ့ပြီး ဆိုင်မွန်ကိုခေါ်ယူနိုင်ဖို့ အခွင့်အရေးရလာခဲ့တာဖြစ်ပါတယ်။ 

အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ လိုက်ပ်ဇစ်ဟာ ဆိုင်မွန်ကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းအပါအဝင် စုစုပေါင်း ယူရိုသန်း ၈၀ တန်ကမ်းလှမ်းမှုတစ်ခုကို တော့တင်ဟမ်ထံမှ လက်ခံရရှိခဲ့တယ်လို့သိရပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ လိုက်ပ်ဇစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး လိုက်ပ်ဇစ်အနေနဲ့ ကစားသမားကိုရောင်းချမယ့် တန်ကြေးထဲမှ ငွေကြေးတစ်စိတ်တစ်ပိုင်းကို ပီအက်စ်ဂျီထံပေးချေသွားရမှာဖြစ်ပါတယ်။ 

ယခုနွေရာသီအစောပိုင်းကလည်း ပီအက်စ်ဂျီဟာ လီဗာပူးသို့ပြောင်းရွှေ့ခဲ့တဲ့ ဟူဂိုအီကီတီကီရဲ့ပြောင်းရွှေ့ကြေးမှ ယူရို ၁၇ သန်း အသားတင်ရရှိထားခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်ဂျာနယ်လစ် ဘင်ယာကော့စ်က ဆိုင်မွန်ဟာ လောလောဆယ်မှာ လန်ဒန်သို့ရောက်ရှိနေပြီး တော့တင်ဟမ်သို့ပြောင်းရွှေ့ဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ 

ဆိုင်မွန်ဟာ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေပြုလုပ်ထားခဲ့ပေမယ့် ချဲလ်ဆီးအနေနဲ့ လိုက်ပ်ဇစ်ထံ ကမ်းလှမ်းမှုပြုလုပ်ဖို့ကြ့န်ကြာနေတာကြောင့် တော့တင်ဟမ်က အခွင့်အရေးရလာခဲ့တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်ဘက်ကတော့ ဆိုင်မွန်စ်ရဲ့ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရို ၆၅ သန်းအထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ တော့တင်ဟမ်ဟာ ဆိုင်မွန်စ်ကိုခေါ်ယူနိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပြီး တော့တင်ဟမ်အသင်းဥက္ကဌ ဒန်နီယယ်လီဗိုင်ဟာ လိုက်ပ်ဇစ်အကြီးအကဲ အိုလီဗာမင့်ဇ်လက်ဖ်နဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိနေတာကြောင့် နယ်သာလန်သားအနေနဲ့ တော့တင်ဟမ်သို့ရောက်ရှိဖို့ သေချာသလောက်ဖြစ်နေပါတယ်။ 

အပြောင်းအရွှေ့ကာလက လာမယ့်စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်တာကြောင့် ဇာဗီဆိုင်မွန်ရဲ့အပြောင်းအရွှေ့ကိုတော့ ယခုရက်ပိုင်းအတွင်းမှာပဲ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။