The network connection is lost.

Banner Image

ကီပါအတွက် ဆော်ဒီရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချလိုက်တဲ့ ချဲလ်ဆီး

ရီးရဲလ်မက်ဒရစ်အသင်းထံ အငှားထားတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက် ဆော်ဒီအာရေးဗျမှ ကမ်းလှမ်းချက်ကို ချဲလ်ဆီးအသင်းက ပယ်ချခဲ့ကြောင်း သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် ကီပါဟာ ချဲလ်ဆီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ပထမဦးစားပေးဂိုးသမား ကော်တွိုက်စ် ဒဏ်ရာရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်က သူ့ကို အငှားခေါ်ယူခဲ့တာဖြစ်ပါတယ်။ ရာသီကြိုလေ့ကျင့်မှုအတွင်း ACL ဒဏ်ရာရရှိခဲ့တဲ့ ဘယ်လ်ဂျီယံရဲ့နေရာမှာ ကီပါက ထိထိရောက်ရောက် ဖြည့်စွမ်းပေးနိုင်မယ်လို့ မက်ဒရစ်က မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

 

အစောပိုင်းတွင် ကီပါဟာ ရီးရဲမက်ဒရစ်ရဲ့ အဓိကဂိုးသမားအဖြစ် စတင်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၃-၂၄ ရာသီတစ် တစ်ဝက်မှာတော့ နည်းပြ အန်ဆယ်လော့တီက ကီပါရဲ့ ပွဲထွက်ခွင့်များကို ကန့်သတ်ကာ လူနင်ကို သဘောကျလာခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် ဇန်နဝါရီလနောက်ပိုင်းတွင် ကီပါဟာ တစ်ပွဲသာ ကစားခဲ့ရပြီး ကလပ်ရှိ သူ့ရဲ့သက်ရောက်မှုက သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

 

The Athletic ရဲ့အဆိုအရ အယ်လ်အီတီဟက်ဟာ ကီပါကို ဝယ်ယူရန်စိတ်ဝင်စားကြောင်းဖော်ပြထားပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက သူတို့ရဲ့ ကနဦးကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဆော်ဒီကလပ်နှင့် ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး ချဲလ်ဆီးကတော့ ယခုနှစ်နွေရာသီတွင် စပိန်ဂိုးသမားအတွက် အပြီးသတ်အပြောင်းအရွှေ့ကို အဆင်ပြေချောမွေ့စေရန် ကြိုးပမ်းနေတာကြောင့် အခြားအလားအလာရှိတဲ့ အသင်းများကလည်း စိတ်ဝင်စားမှုများ ပြသလျက်ရှိပါတယ်။

 

စိတ်ဝင်စားစရာကောင်းတာက ကီပါရဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်း ကန်တီဟာ ပြီးခဲ့တဲ့နွေရာသီက အယ်လ်အီတီဟက်ကို ပြောင်းရွှေ့ခဲ့တာပါ။ ဆော်ဒီကလပ်ရဲ့ လူစာရင်းတွင် လီဗာပူးကွင်းလယ်ကစားသမားဟောင်း ဖာဘင်ဟိုနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း ဘန်ဇီးမားတို့ကဲ့သို့ ထိပ်တန်းကစားသမားများလည်း ပါဝင်နေပါတယ်။ ဒီပြောင်းရွှေ့မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွင် အယ်လ်အီတီဟက်အပါအဝင် ကလပ် ၄ ခုကို ဆော်ဒီအာရေးဗျပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (PIF) မှ လွှဲပြောင်းရယူပြီးနောက် ပိုမိုကျယ်ပြန့်တဲ့ ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။

 

ကီပါရဲ့ ထွက်ခွာမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသော်လည်း ချဲ့လ်ဆီးအသင်းဟာ ဂိုးသမားအင်အား တောင့်တင်းနေတုန်းဖြစ်ပါတယ်။ အသင်းတွင် ထင်ရှားသော ပထမအသင်းဂိုးသမားများအဖြစ် ဘက်တီနယ်တီ၊ ဘာ့ဂ်စတောင်းတို့နှင့်အတူ ဆန်းချက်ဇ် နှင့် ပက်ထရိုဗစ် တို့ပါဝင်နေပါတယ်။ ချဲဆီးအသင်းမှ ကီပါ ထွက်ခွာသွားသည့်တိုင် ဂိုးသမားနေရာအတွက် ရွေးချယ်စရာများနေတာဖြစ်ပါတယ်။