The network connection is lost.

Banner Image

ဘင်ဖီကာစတားကို ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့  ချဲလ်ဆီး

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ နောက်ခံလူ ကိုဝဲလ်နေရာအတွက် ဘင်ဖီကာစတား အန်တိုနီဆေးလ်ဗားကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အရွတ်ကြောဒဏ်ရာကြောင့် ကိုဝဲလ်တစ်ယောက် ရာသီအစကိုလွဲချော်ဖွယ်ရှိနေပါတယ်။ လာမယ့်ပဲလေ့စ်နဲ့ပွဲကို အဒါရာဘိုင်ယို နဲ ချာလိုဘတ်တို့က ခံစစ်ကို ဦးဆောင်လာဖွယ်ရှိနေပါတယ်။ဒါပေမယ့် မာရက်စ်ကာကတော့ ကိုဝဲလ်နေရာအတွက် အစားထိုးချင်နေပြီး ဘင်ဖီကာစတား ဆေးလ်ဗားကို ချိတ်ဆက်နေပါတယ်။

“ပြီးခဲ့တဲ့ရာသီတုန်းက လီဗီတစ်ယောက် ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါခဲ့လဲဆိုတာကို မြင်နိုင်ပါတယ်။ ကျွန်တော်တို့ကစားတဲ့ကစားပုံနဲ့လည်း အံဝင်ပါတယ်။ ကျွန်တော်တို့ အကြိမ်ရေအများကြီးပြောခဲ့သလို ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ဖို့ လုပ်ဆောင်သလို မှန်ကန်တဲ့တည်ဆောက်ပုံနဲ့အတူ တိုက်စစ်ဆင်ပါတယ်။ လီဗီက အဲ့နေရာမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။အတွင်းပိုင်းထဲမှာ ကျွန်တော်တို့အဖြေရှာနေပါတယ်။ ဒါပေမယ့် အသင်းက ကျွန်တော်ဘာတွေးနေလဲဆိုတာ အတိအကျသိပါတယ်။ ခံစစ်မှူးသစ်လိုအပ်ပါတယ်။ ကျွန်တော်တို့ အဖြေတစ်ခုရှာနေပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ အေဂျက်စတား ဟာတိုကိုခေါ်ယူထားနိုင်ခဲ့ပေမယ့် ကိုဝဲလ်နေရာကို အစားဝင်နိုင်မလားဆိုတာကို မာရက်စ်ကာ သံသယရှိနေပါတယ်။

“ကျွန်တော်တို့ ကစားကွက်တည်ဆောက်ချိန်မှာ လီဗီကို အလယ်မှာထားပြီး တည်ဆောက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ၆၄ ပွဲကို လီဗီနဲ့အတူ ကစားခဲ့တာပါ။ အခုတော့ လီဗီဒဏ်ရာရပြီး တိုဆင်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ကော ချန်ပီယံလိဂ်မှာပါကစားရမှာပါ။ ဒီအတွက် ကစားသမားကောင်းတွေလိုအပ်ပါတယ်။ ဟာတိုရှိနေပေမယ့် သူက အလယ်မှာမကစားဖူးပါဘူး။ သူက ခံစစ်ကစားသမားတစ်ဦးဆိုပေမယ့် သူဘယ်လိုလုပ်နိုင်မလဲဆိုတာ မသိရသေးပါဘူး။ ကျွန်တော်တို့မှာ ဘာဒိုင်းရှီလီ နဲ့ ဖိုဖာနာတို့လည်း ပြဿနာရှိနေပါတယ်။ အသင်းဘက်ကတော့ အခြေအနေတွေကို အတိအကျသိပါတယ်”လို့ မာရက်စ်ကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။