The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မတိုင်ခင် ဘုန်းမောက်ရဲ့အနာဂတ်စီမံကိန်းတွေကို ချီးကျူးလိုက်တဲ့ ဆေးလ်ဗား

ပေါ်တူဂီလက်ရွေးစင်အန်တိုနီယိုဆေးလ်ဗားက ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပြင်ဆင်နေချိန်မှာပဲ မကြာခင် ဘုန်းမောက်အသင်းအတွက် စွမ်းဆောင်ရည်တွေနဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်းတွေ ရရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
 
ဒီနောက်ခံလူက အခုနွေရာသီ၊ ဘင်ဖီကာမှ ဘုန်းမောက်ဆီ ပြောင်းရွှေ့လာခဲ့ပြီး ပွဲထွက်တစ်နေရာကို လျှင်လျှင်မြန်မြန်ပဲ ရရှိခဲ့ပါတယ်။
 
ဆေးလ်ဗားက ဘုန်းမောက်ရဲ့ရာသီသစ်စတင်မှုကို သဘောကျနေပြီး ပရီးမီးယားလိဂ်မှာ ပုံမှန်ကစားနိုင်မယ့် အခွင့်အရေးနဲ့အတူ တောင်ဘက်ကမ်းရိုးတန်းဒေသအခြေစိုက်ကလပ်အသင်းရဲ့ ရည်မှန်းချက်တွေကိုလည်း သဘောကျနေပါတယ်။

အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဆေးလ်ဗားက "ကျွန်တော် တကယ်ပဲ သဘောကျမိပါတယ်" လို့ ပြောပါတယ်။
 
"ဒီကိုရောက်လာရတဲ့ အဓိကသော့ချက်တွေအနက် တစ်ခုကတော့ ပရီးမီးယားလိဂ်ဖြစ်ပြီး ဘုန်းမောက်အသင်းရဲ့ပရောဂျက်ကလည်း တကယ်ကို အံ့ဩစရာကောင်းပါတယ်။ စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်"
 
"ဒီမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ်ကစားသမားတွေ အများကြီးရှိပါတယ်။ နည်းပြကလည်း လူငယ်တွေနဲ့အတူ အလုပ်လုပ်ချင်သလို သူတို့နဲ့လည်း အလုပ်လုပ်ရတာ အသားကျနေပြန်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ကောင်းမွန်တဲ့စွမ်းအင်တွေ ရှိကြပါတယ်"
 
"ကျွန်တော်တို့ ပထမဆုံးသုံးပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်။ သေးငယ်တဲ့အမှားအယွင်းလေးတွေကြောင့်သာ နောက်ဆုံးမိနစ်တွေမှာ အရေးနိမ့်ခဲ့ရတာပါ"
 
"ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီလိုပဲ ရည်မှန်းချက်ပန်းတိုင်တွေအထိ ရောက်ရှိသွားအောင် လုပ်ဆောင်သွားချင်ပါတယ်" လို့ ဆိုပါတယ်။