The network connection is lost.

Banner Image

ယိုရိုရဲ့အနီကတ်ပြစ်ဒဏ် ပယ်ဖျက်ခံရပြီးနောက် VAR ကို ပိုချက်တီနို ပြင်းပြင်းထန်ထန် ဝေဖန်

ယိုရိုရဲ့အနီကတ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြပိုချက်တီနိုက VAR အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ပွဲစဉ်ရဲ့ ပွဲအစ ၈ မိနစ်မှာတင် လီဗာပူးတိုက်စစ်မှူးအီဆက်အပေါ် Last Man Defender အဖြစ် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး အသက် ၂၁ နှစ်အရွယ်ယိုရိုကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။

အဲဒီနောက် မန်ချက်စတာယူနိုက်တက်က ၄-၀ ဂိုးဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားပြီးချိန် နိုင်ပွဲတစ်ပွဲနဲ့အတူ ရမှတ် ၈ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။

ယူနိုက်တက်ရဲ့အယူခံဝင်မှုအပြီး ယိုရိုရဲ့အနီကတ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့လို့ လာမယ့်စနေနေ့၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို ပါဝင်ကစားနိုင်ပါတော့မယ်။

စပို့တင်းလစ္စဘွန်းနဲ့ရင်ဆိုင်ရမယ့် ယူနိုက်တက်ရဲ့ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပိုချက်တီနိုက VAR နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုက "ဒီလိုကိစ္စမျိုး ဘယ်တော့မှ မဖြစ်သင့်ဘူးလို့ ယူဆတာကြောင့် အလွန် စိတ်ပျက်မိပါတယ်" လို့ ပြောပါတယ်။

"ကွင်းလယ်ဒိုင်ဆိုတာ အမှားလုပ်မိနိုင်တယ်ဆိုပေမဲ့ VAR ရှိနေပါလျက်နဲ့ သူတို့ ဘာလုပ်နေခဲ့ကြတာလဲ? အခြေအနေကို သေချာပြန်လည်စစ်ဆေးဖို့ အချိန်ယူရပါမယ်။ VAR သာ ရှိနေတယ်ဆိုရင် သူတို့ ဘာလုပ်နေခဲ့ကြတာလဲ? ဘာတွေ လုပ်နေခဲ့ကြတာလဲ?"

"အခုတော့ ရသင့်တဲ့ သုံးမှတ်က ဘယ်ရောက်သွားပြီလဲ? အဲဒီ ၃ မှတ်က ဘယ်မှာလဲ?" လို့ နိဂုံးချုပ် မေးခွန်းထုတ်သွားခဲ့ပါတယ်။