The network connection is lost.

Banner Image

လာဘ်ပေးလာဘ်ယူအမှုနဲ့ စွပ်စွဲခံခဲ့ရပြီးနောက် ချန်ပီယံလိဂ်ကနေ အပယ်ခံရနိုင်တဲ့ ဘာစီလိုနာ

စပိန်တရားရုံးတစ်ခုက ဘာစီလိုနာအသင်းကို လာဘ်ပေးလာဘ်ယူအမှုနဲ့ စွဲချက်တင်ခဲ့တယ်လို့ သိရပြီး တကယ်လို့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ဘာစီလိုနာ အနေနဲ့ ချန်ပီယံလိဂ်ကနေ အပယ်ခံရနိုင်တာဖြစ်ပါတယ်။
 
ဘာစီလိုနာကို စပိန်တရားသူကြီး ဂျိုအာကွင်းက စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ သိရပြီး လာဘ်ပေးလာဘ်ယူငွေကို ဒုဥက္ကဌဟောင်း မာရီနာအင်းနရစ်က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ လာဘ်ပေးလာဘ်ယူအမှုကို ၂၀၀၁ ကနေ ၂၀၁၈ အထိ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ထဲမှာ ဘာစီလိုနာအမှုဆောင် လာပေါ်တာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
 
ဘာစီလိုနာနဲ့ လာပေါ်တာတို့ကတော့ အဆိုပါပြစ်မှုဟာ မှားယွင်းတယ်လို့ ပယ်ချထားပါတယ်။ ဖေဖော်ဝါရီတုန်းက ဘာစီလိုနာဟာ နည်းစနစ်ပိုင်းအတွက် အပိုအကြံပေးကို ခန့်အပ်ပြီး အပိုငွေကြေးတစ်ရပ်ပေးချေခဲ့ရတယ်လို့ ပြောကြားထားခဲ့ပါတယ်။
 
အခုနှစ်အစောပိုင်းတုန်းက လာပေါ်တာတစ်ယောက် မိမိတို့အသင်းကို ဖျက်ဆီးချင်တဲ့သူတွေ ရှိနေတယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာပေါ်တာက မိမိတို့အနေနဲ့ အဆိုပါငွေကြေးကို နည်းစနစ်ပိုင်းအတွက် ပေးချေခဲ့တာလို့ ပြောကြားထားခဲ့ပါတယ်။
 
သတင်းဌာနကတော့ အမှုထင်ရှားခဲ့ရင် ဘာစီလိုနာဥက္ကဌဟောင်း ဘာတိုမြူ၊ ရိုဆဲလ်၊ နီဂရီရာဥက္ကဌနဲ့ သူ့သား ဂျာဗီးယားတို့လည်း အရေးယူခံရဖွယ်ရှိနေပါတယ်။ ယူအီးအက်ဖ်အေဘက်ကလည်း အဆိုပါပြစ်မှုအတွက် ကိုယ်ပိုင်စုံစမ်းဖွယ်ရှိနေပါတယ်။
 
ယူအီးအက်ဖ်အေက ဘာစီလိုနာ အသင်းဟာ လက်ရှိ ၂၀၂၃ - ၂၄ ဥရောပပြိုင်ပွဲမှာ ပါဝင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်တော့ ယူအီးအက်ဖ်အေ အနေနဲ့ ချန်ပီယံလိဂ်ကစားခွင့်ကို ပိတ်ပင်ဖွယ်ရှိနေပါတယ်။