The network connection is lost.

Banner Image

အသင်းကြီးတွေက ချိတ်ဆက်လာချိန် အပြောင်းအရွှေ့အတွက်လမ်းဖွင့်ထားတယ်လို့ အယ်လ်ဗာရက်ဇ်ရဲ့အေးဂျင့်ထုတ်ဖော်ပြောကြား

တီကိုအသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ရဲ့အေးဂျင့်ဖြစ်သူက ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေချိန်မှာပဲ အသင်းကနေထွက်ခွာဖို့လမ်းဖွင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အယ်လ်ဗာရက်ဇ်ကို အာဆင်နယ်အသင်းက တော်တော်လေးစိတ်ဝင်စားနေပေမယ့် တီကိုအသင်းဘက်က ရောင်းချချင်စိတ်မရှိတာဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ်ရဲ့အေးဂျင့် ဖာနန်ဒိုကတော့ အပြောင်းအရွှေ့အတွက် လမ်းဖွင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ်အသင်းက ထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ထားပေမယ့် တီကိုဘက်က ရောင်းချဖို့အစီအစဉ်မရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။ ဘာစီလိုနာအသင်းကလည်း အာဂျင်တိုင်းသားကို စိတ်ဝင်စားနေပေမယ့် တီကိုအသင်းဘက်က ပေါင် ၈၁ သန်းထက်တောင်းဆိုဖွယ်ရှိနေတာကြောင့် ခေါ်ယူနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သား နဲ့ တီကိုတို့ကြား စာချုပ်သက်တမ်းက ၄ နှစ်ကျန်နေသေးတာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၂၁.၅ သန်းအထိရှိနေပါတယ်။

ဖာနန်ဒိုကတော့ တီကိုအသင်းဘက်က အယ်လ်ဗာရက်ဇ်ကို ဆက်ထိန်းထားချင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။“ကျွန်တော် ခေါ်ဆိုမှုတွေအများကြီးရခဲ့ပါတယ်။ ဒါပေမယ့် တီကိုဘက်က လာမယ့်ရာသီမှာဂျူလီယန်ကို ဆက်ထိန်းထားချင်နေပါတယ်။ စပိန်အသင်းတွေကလည်း စိတ်ဝင်စားနေပြီး ကလေးဘဝကတည်းက လီယိုလမ်းစဉ်ကို သူကလိုက်ချင်နေပါတယ်။ ဘာစီလိုနာမှာ မကစားချင်တဲ့အာဂျင်တိုင်းသားဆိုတာ မရှိသလောက်ကိုရှားမယ်လို့ ထင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ကို အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီကိုယ်တိုင် ချီးကျူးထားခဲ့တာဖြစ်ပြီး အခုလထဲမှာကန်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တီကိုအသင်းအတွက် ပါဝင်ကစားမှာဖြစ်ပါတယ်။