The network connection is lost.

Banner Image

ဂိုးသွင်းခွင့်တွေကို တစ်ကိုယ်ကောင်းဆန်ဆန်မဖြုန်းတီးပစ်လိုက်ဖို့ စီရော်နယ်ဒိုကို အကြံပြုဝေဖန်လိုက်တဲ့ အွန်နရီ

ပြင်သစ်နဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းအွန်နရီက ဒီအာကွန်ဂိုနဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ပွဲစဉ်အတွင်း စီရော်နယ်ဒိုရဲ့စွမ်းဆောင်ရည်အပေါ် သုံးသပ်ရာမှာ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။

အခုပွဲစဉ်မှာ နယူးကာဆယ်တိုက်စစ်မှူးဝစ်ဆာရဲ့ချေပဂိုးနဲ့အတူ ဒီအာကွန်ဂိုက သူတို့အသင်းသမိုင်းတလျှောက် ပထမဆုံးကမ္ဘာ့ဖလားရမှတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသက် ၄၁ နှစ် ၁၃၂ ရက်အရွယ်ရှိပေါ်တူဂီတိုက်စစ်မှူးက ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုမှာ ပါဝင်ကစားခဲ့တဲ့ ဂိုးသမားမဟုတ်သော အသက်အကြီးဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

စီရော်နယ်ဒိုက ဒီအာကွန်ဂိုနဲ့ သရေကျခဲ့တဲ့ စိတ်ပျက်ဖွယ်ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့သလို ဂိုးပေါက်တည့်ကန်ချက်ပါ မရရှိခဲ့ဘဲ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၅ ကြိမ်နဲ့ တိုက်စစ်ပိုင်းဆီ ဘောလုံးပေးပို့မှု တစ်ကြိမ်သာ ရှိခဲ့ပါတယ်။

Fox Sports ရဲ့ဆွေးနွေးခန်းအစီအစဉ်မှာတော့ အွန်နရီက စီရော်နယ်ဒိုရဲ့ ဒီအာကွန်ဂိုနဲ့ပွဲစဉ်စွမ်းဆောင်ရည်ပိုင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

"အရေးအကြီးဆုံးအချက်ဖြစ်သလို အားပေးသူပရိသတ်တွေကိုယ်တိုင်လည်း သိရှိနားလည်ထားဖို့ လိုအပ်တဲ့အချက်က အသင်းအတွက် သွင်းဂိုးတွေသာ လိုအပ်ပြီး စီရော်နယ်ဒိုတစ်ဦးတည်း ဂိုးသွင်းယူနေဖို့ မလိုအပ်ဘူးဆိုတာပါပဲ။

ဆက်လက်ပြီး အွန်နရီက ပေါ်တူဂီရဲ့တိုက်စစ်ဆင်မှုအခိုက်အတန့်တစ်ခုကို ညွှန်ပြရင်း "ဒီမှာ မြင်တွေ့ရမယ့်အရာကတော့ ပေါ်တူဂီအသင်း ဘောလုံးရရှိချိန်မှာ ကန်ဆယ်လိုကိုယ်တိုင် ဘောလုံးလက်ခံရရှိတော့မယ်ဆိုတာပါပဲ"

"စီရော်နယ်ဒိုက ဒီလိုအခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးပါတယ်။ တကယ်လို့ ခင်ဗျားသာ ပြေးထွက်လိုက်မယ်ဆိုရင် ခြောက်ကိုက်စည်းထဲမှ ထွက်လာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်"

"ဒါပေမဲ့ သူကိုယ်တိုင် ဂိုးသွင်းချင်စိတ်ပြင်းပြနေတာကြောင့် ဘရူနို ဖာနန်ဒက်ဇ်ရဲ့လမ်းကြောင်းဆီ ပိတ်ဆို့သလို ဖြစ်သွားခဲ့ပါတယ်။ တကယ်လို့ သူသာ ဂိုးဧရိယာဆီ ပြေးဝင်သွားခဲ့ရင် နောက်ခံလူတွေ သူ့နောက်ကို လိုက်သွားနိုင်လို့ ဘရူနိုဖာနန်ဒက်ဇ်အတွက် အလွယ်တကူသွင်းယူနိုင်မယ့် အခြေအနေမျိုး ဖြစ်လာပါလိမ့်မယ်"

"ဒါပေမဲ့ သူကိုယ်တိုင် ဂိုးသွင်းချင်နေတာကြောင့် သူက ဘောလုံးအနောက်ပြန်ပေးပို့မယ့် လမ်းကြောင်းဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့် ကစားသမားနှစ်ဦးလုံးကို မြင်တွေ့နေရလို့ ပြိုင်ဘက်ခံစစ်အတွက် ကာကွယ်ရတာ ပိုမိုလွယ်ကူသွားစေပါတယ်" လို့ ဆိုပါတယ်။