The network connection is lost.

Banner Image

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် အာဂျင်တီးနားအသင်းကို ဖီဖာ စုံစမ်းစစ်ဆေးမှု စတင်

၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီး ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေကြောင့် အာဂျင်တီးနားအသင်းဟာ ဖီဖာ ရဲ့ ပြစ်ဒဏ်ခတ်မှုနဲ့ ထပ်မံရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

၂၀၂၂ ချန်ပီယံ အာဂျင်တီးနားအသင်းဟာ MetLife ကွင်းအတွင်း ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ လူးဝစ် ဒီ လာ ဖူအန်တေးရဲ့ စပိန်အသင်းကို အပိုအချိန် အသာစီးရရှိစဉ် ဖာရန် တောရက်စ် ရဲ့ အနိုင်ဂိုးကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ကာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာပါ။

ဒါပေမဲ့ ပွဲအပြီး အောင်ပွဲခံချိန်မှာတော့ နှစ်ဖက်ကစားသမားတွေကြား အကြမ်းဖက် ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ပြီး အဆိုပါ ရုပ်သံရိုက်ကူးချက်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ဖီဖာ ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဟာ ပြစ်ဒဏ်ခတ်ခြင်း ရှိ၊ မရှိ မဆုံးဖြတ်မီ ဒိုင်လူကြီးရဲ့ အစီရင်ခံစာနဲ့ ပွဲစဉ်ရုပ်သံမှတ်တမ်းတွေကို စိစစ်သွားမှာဖြစ်ပြီး အပြည့်အဝ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

အဓိက ပစ်မှတ်ထားခံနေရသူကတော့ စပိန်ကြယ်ပွင့် ဂါဗီ ကို ထိုးကြိတ်ပြီး မြေပြင်ပေါ် ဆွဲလှဲခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်လူ လီယန်းဒရို ပါရေးဒက်စ် ဖြစ်ပြီး၊ နာဟူအယ် မိုလီနာ ကလည်း စပိန်အသင်းခေါင်းဆောင် ရိုဒရီ ကို လက်သီးနဲ့ ထိုးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒါ့အပြင် အာဂျင်တီးနား နည်းပြ ရိုဘာတို အာယာလာ က ဒါနီ အိုမို ကို တွန်းထုတ်ခဲ့တာနဲ့ စပိန်အသင်း ဆုဖလား ရယူစဉ် အာဂျင်တီးနားအသင်းသားတွေ ကွင်းအတွင်း ကျောခိုင်းရပ်တည်ခဲ့တဲ့ စားကစားသမားကျင့်ဝတ်နဲ့ မညီတဲ့ မလိုလားအပ်တဲ့ လုပ်ရပ်တွေကိုပါ ထည့်သွင်း စုံစမ်းသွားမှာပါ။

ဒါဟာ အာဂျင်တီးနားအသင်းအနေနဲ့ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲအပြီး ဖော့ကလန်ကျွန်းစု (Falkland Islands) နဲ့ ပတ်သက်တဲ့ နိုင်ငံရေး စာတန်းကို ကိုင်ဆောင်ပြသခဲ့မှုကြောင့် ဝေဖန်ခံရပြီးနောက်ပိုင်း ဒီကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း အပြုအမူပိုင်းဆိုင်ရာ ဝေဖန်မှုနဲ့ ဒုတိယအကြိမ်မြောက် ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။