The network connection is lost.

Banner Image

အယ်လ်ဗာရက်ဇ်အပေါ် ဘာစီလိုနာရဲ့စိတ်ဝင်စားမှုနဲ့ပတ်သက်လို့ တုံ့ပြန်လာတဲ့ အက်သလက်တီကိုမက်ဒရစ်ဥက္ကဋ္ဌဆီရီဇို

အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဋ္ဌဆီရီဇိုက ကြယ်ပွင့်တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ကို အခုနွေရာသီမှာ အသင်းမှထွက်ခွာခွင့်မပေးဘူးလို့ နောက်တစ်ကြိမ် အခိုင်အမာပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အယ်လ်ဗာရက်ဇ်ရဲ့အနာဂတ်က အငြင်းပွားစရာကိစ္စတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်းက အသင်းမှထွက်ခွာသွားတဲ့ လီဝန်ဒေါစကီးရဲ့နေရာကို အစားထိုးဖို့ အာဂျင်တီးနားတိုက်စစ်မှူးကို အထူးစိတ်ဝင်စားနေပါတယ်။

တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းက ဖလော်ရန်တီနိုပီရက်ဇ်ရဲ့ရွေးကောက်ပွဲမဲဆွယ်မှုတစိတ်တပိုင်းအဖြစ် အယ်လ်ဗာရက်ဇ်အတွက် ယူရို သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အဲဒီကမ်းလှမ်းမှုမျိုး အမှန်တကယ် ရှိ၊ မရှိ သံသယဖြစ်စရာ ရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ်အယ်လ်ဗာရက်ဇ်ကိုယ်တိုင်လည်း အသင်းမှထွက်ခွာချင်တယ်လို့ ပြောဖူးပေမဲ့ အခုတော့ အဲဒီလိုဖြစ်လာဖို့ဆိုတာ ပိုမိုခက်ခဲလာနေပါတယ်။

နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ ဆီရီဇိုက အယ်လ်ဗာရက်ဇ်ကို အသင်းမှထွက်ခွာခွင့်ပေးသွားဖို့ မရှိဘူးလို့ သိရပါတယ်။

ဆီရီဇိုက "ဂျိုအန်လာပေါ်တာဆိုတာ ကျွန်တော့်ရဲ့မိတ်ဆွေကောင်းတစ်ဦးပါ။ လာမယ့်ရာသီ၊ ဘယ်အသင်းမှာ အယ်လ်ဗာရက်ဇ်ကစားမလဲဆိုတာကို  လာပေါ်တာလည်း သိပြီးသားပါ။ ကျွန်တော် ထပ်ပြီး အခိုင်အမာပြောပါရစေ၊ အယ်လ်ဗာရက်ဇ်က ကျွန်တော်တို့ရဲ့ ကစားသမားဖြစ်သလို လာမယ့်ရာသီမှာလည်း ကျွန်တော်တို့အသင်းမှာပဲ ဆက်ရှိနေပါလိမ့်မယ်" လို့ ဆိုပါတယ်။