The network connection is lost.

Banner Image

အဲဗာတန်စတားကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်တော့မယ့် အက်စ်တွန်ဗီလာ

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ဗီလာအသင်းဟာ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ကစားသမား အဲဗာတန်စတား အိုနာနာကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်တော့မယ်လို့ ဆိုပါတယ်။

ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူထားနိုင်ခဲ့ပြီးဖြစ်ကာ ကာလရှည်စာချုပ်သစ်တစ်ရပ်ချုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အိုနာနာဟာ ဗီလာအသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်လာနိုင်ပြီး လာမယ့်ရာသီ ဗီလာအသင်းဟာ ချန်ပီယံလိဂ်ကန်ရမှာဖြစ်ပါတယ်။

အမ်မရီကတော့ အိုနာနာလိုကွင်းလယ်လူမျိုးနဲ့ လက်တွဲဖို့စိတ်လှုပ်ရှားနေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လိုင်လီကနေ ပေါင်သန်း ၃၀ နဲ့ပြောင်းလာပြီးကတည်းက အိုနာနာဟာ အဲဗာတန်ရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယံသားဟာ အဲဗာတန်အတွက် ၇၂ ပွဲပါဝင်ကစားပေးထားကာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၃၇ ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။

သူ့ရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ် နဲ့ ဘိုင်ယန်တို့ကလည်း စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

လိုင်လီအနေနဲ့ အဲဗာတန်ဆီနေ ၂၀% ပြန်လည်ရရှိမှာဖြစ်ပြီး အဲဗာတန်က လက်ကျန်အပြောင်းအရွှေ့စရိတ်ကိုရရှိမှာဖြစ်ပါတယ်။

ဗီလာဟာ ဈေးကွက်ထဲမှာ ရှာဖွေနေဆဲဖြစ်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ကန်ရမယ့်အနေအထားမှာ အသင်းလူအင်အားကို တောင့်တင်းအောင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

အိုနာနာမတိုင်ခင် ဗီလာဟာ အန်ဇို နဲ့ ဘာကလေတို့ကိုခေါ်ယူထားခဲ့ပြီး နောက်ထပ်ကစားသမားသစ်တွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။