အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် မာတီနက်ဇ်ကို ပိတ်ပင်လိုက်တဲ့ အက်စ်တွန်ဗီလာ
အက်စ်တွန်ဗီလာအသင်းကတော့ ပြင်သစ်မှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ဂိုးသမား မာတီနက်ဇ်ကို အာဂျင်တီးနားအသင်းမှာ ပါဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
သတင်းတွေအရ ဗီလာအသင်းဟာ မာတီနက်ဇ်ကို လာမယ့်အိုလံပစ်ပြိုင်ပွဲအတွက် စေလွှတ်မှာမဟုတ်ဘူးလို့ သိရပါတယ်။ မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါဖလားမှာပါဝင်နေပြီး ဗီလာအသင်းက ရာသီကြိုခရီးစဉ်အတွက် အသင်းနဲ့ပူးပေါင်းစေချင်နေပါတယ်။
ပရီးမီးယားလိဂ်ကို လာမယ့်သြဂုတ်လ ၁၇ ရက်နေ့မှာစတင်မှာဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲက ပရီးမီးယားလိဂ်မစတင်ခင် ၈ ရက်အလိုမှာပြီးဆုံးမှာဖြစ်ပါတယ်။ မာတီနက်ဇ်ကတော့ အိုလံပစ်ပြိုင်ပွဲရွှေတံဆိပ်ကိုလည်း ရယူချင်နေပြီး လက်ရှိမှာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ၊ ကိုပါအမေရိကနဲ့ Finalissima ဆုတွေကိုရယူထားနိုင်ခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲမျာ အသက် ၂၃ ထက်ကျော်တဲ့ကစားသမား ၃ ဦးကို ရွေးချယ်ခွင့်ပေးထားပြီး မန်စီးတီးအသင်းဘက်က အယ်လ်ဗာရက်ဇ်နဲ့ ဘင်ဖီကာဘက်က အော်တာမန်ဒီတို့ကို ခွင့်ပြုပေးထားခဲ့ပါတယ်။ အေဂျက်စတား ရူလီက ဂိုးသမားနေရာအတွက် ဦးစားပေးရွေးချယ်ခံရဖွယ်ရှိနေပါတယ်။