The network connection is lost.

Banner Image

အာဂျင်တီးနားအသင်းအနာဂတ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေရှိနေချိန် စကာလိုနီကို အပြည့်အ၀ထောက်ခံလိုက်တဲ့ ဒီမစ်ချယ်လစ်

မာတင်ဒီမစ်ချယ်လစ်က စကာလိုနီကို အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြအဖြစ် ဆက်ရှိနေပြီး မျိုးဆက်သစ်လူငယ်ကစားသမားတွေအပေါ် ဦးဆောင်ကြီးကြပ်ပေးဖို့ တိုက်တွန်းထောက်ခံလိုက်ပါတယ်။
 
လိုက်ပ်ဇစ်နည်းပြက စကာလိုနီမှာ ရှစ်နှစ်တာအောင်မြင်မှုကာလအပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နောက်ထပ်အောင်မြင်မှုစက်ဝန်းတစ်ခု တည်ဆောက်နို်ငမယ့် အတွေ့အကြုံနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။
 
စကာလိုနီလက်ထက်မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းက ကိုပါအမေရိကဖလားနဲ့ ဖီဖာကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
 
မျိုးဆက်တစ်ခုနဲ့တစ်ခု အကူးအပြောင်းကာလအတွင်း ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းကာ လူစာရင်းပိုင်းကို အသစ်တဖန်ပြန်လည်မွမ်းမံတည်ဆောက်ရမယ့် အသင်းဖော်ဟောင်းရဲ့စွမ်းဆောင်ရည်ပိုင်းကိုလည်း ဒီမစ်ချယ်လစ်က ယုံကြည်မှုအပြည့် ရှိနေပြန်ပါတယ်။ 
 
"ပြီးခဲ့တဲ့ရှစ်နှစ်တာကာလမှာ မယုံကြည်နို်ငစရာကောင်းလောက်အောင် အောင်မြင်မှုတွေ ရရှိခဲ့လို့ ကျွန်တော်တို့အားလုံး အလိုလိုက်ခံထားရသလို ဖြစ်နေခဲ့တာပါ" လို့ ဒီမစ်ချယ်လစ်က ပြောပါတယ်။
 
"စကာလိုနီဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ သူ့မှာ ရှေ့ဆက်သွားဖို့ စွမ်းအင်တွေနဲ့ ပြင်းပြတဲ့ဆန္ဒတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ နှိမ့်ချတဲ့ စိတ်နေစိတ်ထားနဲ့အတူ ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ အသင်းကောင်းတစ်ခုကို သေချာပေါက် တည်ဆောက်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော့်အတွက် သံသယဖြစ်စရာ လုံး၀မလိုအပ်လို့ပါပဲ" လို့ ဆိုပါတယ်။