The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ ပွဲမတိုင်ခင် ဆာကာ၊ မာတီနယ်လီ၊ ထရိုဆက်၊ ရိုက်စ်တို့ အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဘုန်းမောက်နဲ့ပွဲကို စီနီယာ ကစားသမားအချို့ လွဲချော်မယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒီကလန်ရိုက်စ်ကတော့ ပြီးခဲ့တဲ့အပတ်တုန်းက တော့တင်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အခုအပတ်မှာ လေ့ကျင့်ခန်းမဆင်းခဲ့တာဖြစ်ပါတယ်။ စပိန်သားရဲ့အဆိုအရ အင်္ဂလန်သားဟာ တော့တင်ဟမ်နဲ့ပွဲမှာ နောက်ကျောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ထရိုဆက်နဲ့ မာတီနယ်လီတို့က တော့တင်ဟမ်နဲ့ပွဲကို လွဲချော်ခဲ့သလို ဆာကာကလည်း မြောက်လန်ဒါဘီပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကြောင့် အခုအပတ်တုန်းကကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ကာရာဘောင်ဖလား ပွဲကို လွဲချော်ခဲ့ပါတယ်။

“ဒီကလန်ရိုက်စ်လေ့ကျင့်ခန်းမဆင်းသေးသလို ကျွန်တော်တို့ တစ်နာရီလောက်မှာ လေ့ကျင့်ခန်းအစီအစဉ်ရှိပါတယ်။ အဲ့ကျရင်တော့ သူ့အခြေအနေကိုပိုသိရမှာပါ။ ဂါဘီ ၊ ဆာကာ ၊ ဆာလီဘာ နဲ့ ဗီအဲရာတို့လည်း မပါဝင်နိုင်ပါဘူး။ သူတို့ကို ဒီနေ့မှာ စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ”လို့ အာတီတာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရိုက်စ်ကို ဂျော်ဂျင်ဟိုနဲ့လူစားလဲခဲ့ရပေမယ့် အာဆင်နယ်ဘက်က ဒဏ်ရာအခြေအနေမပြင်းထန်ဖို့ မျှော်လင့်နေပါတယ်။ များပြားလှတဲ့စစ်ဆေးမှုတွေအပြီးမှာတော့ ရိုက်စ်ရဲ့အခြေအနေကို အရမ်းမပြင်းထန်ဘူးလို့သိရပါတယ်။

အာတီတာအတွက်တော့ လာမယ့် ၂၄ နာရီက ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရဖွယ်ရှိနေပြီး ဘုန်းမောက်နဲ့ပွဲမှာ အလျင်လိုခဲ့ရင် စီးတီးနဲ့ပွဲအတွက် ခက်ခဲသွားနိုင်တာဖြစ်ပါတယ်။ အာာဆင်နယ်ဟာ စနေနေ့မှာ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ချန်ပီယံလိဂ်မှာ လန်းစ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ကာ နောက်အပတ်မှာ စီးတီးနဲ့အရေးပါတဲ့ပွဲ ကန်ရမှာဖြစ်ပါတယ်။