The network connection is lost.

Banner Image

ထိပ်တန်းတိုက်စစ်မှူးအတွက် ကြီးမားတဲ့ငွေကြေးတစ်ရပ်အသုံးပြုမယ်လို့ အာတီတာ အရိပ်အမြွက်ဆို

အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းဟာ အခုနွေရာသီမှာ တိုက်စစ်မှူးအတွက် ကြီးမားတဲ့ငွေကြေးတစ်ရပ်အသုံးပြုသွားမယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ နွေရာသီတိုက်စစ်ပိုင်းအတွက် အီဆက် ၊ ယိုကရက်စ် ၊ ဆက်စ်ကိုတို့ကို ပစ်မှတ်ထားနေပါတယ်။ သတင်းတွေအရ အဆိုပါ ၃ ဦးထဲကတစ်ဦးကတော့ အာဆင်နယ်ရဲ့တိုက်စစ်ကို တာဝန်ယူရမှာဖြစ်ပြီး အာတီတာက ဘုတ်အဖွဲ့ကို အလျင်အမြန်ခေါ်ယူပေးဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။

“ခင်ဗျားမင်္ဂလာဆောင်ချိန်မှာ အသုံးပြုတဲ့ငွေကြေးလိုပေါ့ဗျာ။ ခင်ဗျားဇနီးသည်ကိုတင်တောင်းမယ့်ငွေကြေးက ဘယ်တော့မှမနည်းပါဘူး။ အဲ့တာထက်တောင် ပိုများနိုင်ပါတယ်။ အိမ်တစ်လုံးတည်ဆောက်ချိန်မှာ အများကြီးကုန်ကျပါတယ်။ သာမန်အားဖြင့် ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ ခင်ဗျားအနေနဲ့ မတူညီတဲ့ရှုထောင့်တွေအတွက် ပြင်ဆင်ရပါမယ်။ တစ်ချို့အချိန်တွေမှာ ကျွန်တော်တို့ကစားသမားတစ်ဦးလိုချင်ပါတယ်။ ပြီးတော့ ရုတ်တရက် ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာရှိတာ ဒါမှမဟုတ် ကစားသမားတွေဒဏ်ရာရတာမျိုးကြောင့် လိုအပ်ပါတယ်။
အများကြီးဖြစ်ပျက်နိုင်ပေမယ့် ဘတ်ဂျက်အနေအထားကိုလည်း ကြည့်ရပါမယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့စိတ်ကူးအနေအထားလည်းရှိပါတယ်။ ဘာကိုဦးစားပေးရမလဲဆိုတာရယ် လုပ်နိုင်မလားဆိုတာရယ် စောင့်ကြည့်ရမှာပါ။

ဘာတာကလည်း အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ တိုက်စစ်မှူးရဖို့ သူနဲ့အတူ လက်တွဲလုပ်ဆောင်နေပါတယ်။  တစ်ခါတလေမှာ ကျွန်တော်တို့ကလည်း လူသားတွေဖြစ်တာကြောင့် မှားတတ်ပါတယ်။ ဒါပေမယ့် ဘာတာက အရမ်းကိုမှ ရှင်းလင်းတဲ့စိတ်ကူးစိတ်သန်းရှိပြီး ဘယ်လိုအောင်မြင်မှုယူရမလဲဆိုတာကို သိပါတယ်”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာ တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာများခဲ့တာကြောင့် ဆုဖလားနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ဂိုးတွေပြတ်လပ်မှုက ပြဿနာလို့ ထောက်ပြကြပေမယ့်  ဒီရာသီချန်ပီယံလိဂ်လီဗာပူးထက် ၁၇ ဂိုးသာ သွင်းဂိုးအရေအတွက်နည်းခဲ့သလို ပေးဂိုးကလည်း ၄ ဂိုးသာနည်းပါးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်မချရသေးပဲ လာမယ့်နယူးကာဆယ်နဲ့ပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေပါတယ်။ အာတီတာရဲ့အာဆင်နယ်အသင်းဟာ အဆင့် ၂ နေရာမှာရပ်တည်နေပေမယ့် အဆင့် ၆ နေရာက စီးတီးနဲ့ ၃ မှတ်သာကွာဟနေတာဖြစ်ပါတယ်။