အနာဂတ်နှင့်ပတ်သက်ပြီး မသေချာမရေရာမှုများကြားတွင် အေးဂျင့် ပြောင်းလဲလိုက်တဲ့ အာဆင်နယ်ကြယ်ပွင့်
ကွင်းလယ်တိုက်စစ်အဖြစ် ကစားနိုင်တဲ့ ဘယ်နောက်ခံလူဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးကနေ ပေါင် ၃၅ သန်းနဲ့ ရောက်လာခဲ့ပြီးနောက် သူ့ရဲ့ ပွဲဦးထွက်ရာသီမှာ အမ်းမရိတ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မရှိအောင် လုပ်နိုင်ခဲ့ပါတယ်။
သို့သော် ၂၀၂၃-၂၄ ရာသီမှာတော့ ပိုမိုခက်ခဲလာခဲ့ပြီး အာရုံထွေပြားမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ဖလားကို ဆုံးရှုံးစေခဲ့တဲ့ အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပိုသိသာလာပါတယ်။
ပိုဆိုးတာက ဇင်ချန်ကိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရပြီး သူ့ရဲ့ ယူကရိန်းအသင်းဟာ အုပ်စုအဆင့်မှာတင် ပြိုင်ပွဲက လှည့်ပြန်ခဲ့ရပါတယ်။
မိုက်ကယ်အာတီတာက ယခုနွေရာသီတွင် ဘယ်နောက်ခံလူသစ်တစ်ဦးကို ခေါ်ယူရန်စီစဉ်နေတာကိုတော့ လျှို့ဝှက်ထားခြင်းမရှိပါဘူး။ ဂန်နာတွေဟာ ယူရိုပြိုင်ပွဲတွင် အီတလီအတွက် အထင်ကြီးလောက်စရာစွမ်းဆောင်ရည်များပြထားတဲ့ ကယ်လာဖီအိုရီကို ဝယ်ယူရန် ကြိုးပမ်းနေပါတယ်။
သဘောတူညီမှုရရန် နီးစပ်နေပြီလို့ ထင်ရသော်လည်း ဘိုလော့ဂ်နာကြယ်ပွင့်ရဲ့ အရောင်းအ၀ယ်စာချုပ်ပါ အငြင်းပွားမှုကြောင့် အပြောင်းအရွှေ့မှာ ရပ်တန့်သွားကာ ကလပ်အသင်းနှစ်သင်းအကြားမှာ ပြောင်းရွှေ့ကြေးနှင့်ပတ်သက်ပြီး သဘောတူညီမှု မရသေးကြောင်း သိရပါတယ်။
အကယ်၍ အာဆင်နယ်ကသာ ကယ်လာဖီအိုရီကို ခေါ်ယူနိုင်ခဲ့ပါက သူနှင့် တင်မ်ဘာတို့ဟာ ဘယ်နောက်တန်းနေရာအတွက် ပြိုင်ဆိုင်ရမှာဖြစ်ပြီး ဇင်ချန်ကိုနဲ့ ကီဝီယာတို့ရဲ့ အနာဂတ်က မရေရာတဲ့အနေအထားသို့ ရောက်သွားမှာပါ။
အေစီမီလန်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ဇင်ချန်ကိုအား စိတ်ဝင်စားမှု နည်းပါးနေပုံရတာကြောင့် ပြောင်းရွှေ့မှာလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
ဒါပေမယ့် အသက် ၂၇ နှစ်အရွယ် ကစားသမားက အေဂျင်စီပြောင်းသွားပြီလို့ ကြေညာပြီး သောကြာနေ့မှာ အပြီးသတ် ပြောင်းလဲသွားနိုင်တယ်လို့ အင်စတာဂရမ်မှာ "Unique Football Agency နဲ့ ဒီအခန်းကဏ္ဍသစ်ကို စတင်ရတာ ဂုဏ်ယူပါတယ်။ စလိုက်ကြစို့" လို့ ရေးသားထားပါတယ်။
ဇင်ချန်ကိုရဲ့ မန်စီးတီးအသင်းဖော်ဟောင်း ကွန်ပနီ ကိုင်တွယ်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့လက ယူကရိန်းကစားသမားကို စိတ်ဝင်စားခဲ့သော်လည်း အဆိုပါကောလာဟလတွေကို အမြန်ပယ်ချခဲ့ပါတယ်။
တစ်ချိန်တည်းတွင် သူဟာ လာမယ့်အပတ်အတွင်း လော့စ်အိန်ဂျယ်လိစ်မှာ ဘုန်းမောင်နှင့် စတင်မယ့် အမေရိက ရာသီကြိုခရီးစဉ်အတွက် အာဆင်နယ်သို့ ရောက်ရှိရန် စီစဉ်ထားပါတယ်။