The network connection is lost.

Banner Image

အာဆင်နယ်နောက်ခံလူကီဝီအောကို ပေါင် ၁၉ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်တဲ့ ပေါ်တို

ပေါ်တိုအသင်းက အာဆင်နယ်မှ အငှားဖြင့်လာရောက်ကစားနေတဲ့ နောက်ခံလူကီဝီအောကို အပြီးသတ်ဝယ်ယူခွင့်အသုံးပြုပြီး အောင်အောင်မြင်မြင်ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပိုလန်လက်ရွေးစင်ကစားသမားကီဝီအောက ပေါ်တိုမှာ အငှားဖြင့်ကစားနေချိန်အတွင်း ပြိုင်ပွဲစုံ ၃၈ ပွဲအထိ ပါဝင်ကစားကာ အသင်းအတွက် ခြေစွမ်း‌ပြသခဲ့ပါတယ်။

"အာဆင်နယ်နဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ်ပါ အပြီးသတ်ဝယ်ယူခွင့်ကို ပေါ်တိုအသင်း အသုံးပြုခဲ့ပါတယ်။ ကြမ်းခင်းစျေးပြောင်းရွှေ့ကြေး ယူရို ၁၇ သန်း (ပေါင် ၁၄ ဒဿမ ၅ သန်း) နဲ့ အခြားစွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပေးချေရမယ့် ယူရို ၅ သန်း (ပေါင် ၄ ဒဿမ ၃ သန်း) တို့နဲ့အတူ ကီဝီအောရဲ့ အခွင့်အရေးအားလုံးကို အပြီးသတ် ပိုင်ဆိုင်သွားပါပြီ" လို့ ပေါ်တူဂီကလပ်အသင်းက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်းမှာ အငှားပြောင်းရွှေ့ကြေး ပေါင် ၁ ဒဿမ ၇ သန်းဖြင့် ရောက်ရှိလာခဲ့တဲ့ ကီဝီအောက ပေါ်တူဂီလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ဘောလုံးရာသီမှာ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့လို့ ခံစစ်ပိုင်းမှတဆင့် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့ သူက ပေါ်တူဂီမြေမှာ ရေရှည်ရှိသွားဖို့ သေချာသွားခဲ့ပါတယ်။

ပေါ်တိုအသင်းက ကီဝီအောကို ၂၀၃၀ ပြည့်နှစ်၊ ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး၊ သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးကိုလည်း ယူရို သန်း ၇၀ (ပေါင် သန်း ၆၀) အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။